သိမ်းထားခွင့်(၂၄)

338 47 16
                                    

ပြက္ခဒိန်ဆီမျက်လုံးလေး‌ပို့‌ပို့ထားလျက်မြင်နေရတဲ့ ၁၉၃၉ခုနှစ်ဆိုတာလေးကို တအံ့တဩလေး ငေးနေမိသည်။မြန်လိုက်တာ မနှစ်ကဒီလို အချိန် ထယ်ယောင်းမောင်နှင့်လက်ထပ်ခဲ့တာ။မင်္ဂလာပွဲမလုပ်ချင်ပေမယ့် မောင်သည် လူကို မရရအောင်ယူခဲ့တဲ့အပြင် လူသိရှင်ကြား ယောက်ျားချင်း မင်္ဂလာဆောင်‌ခဲ့တာတဲ့‌ လေ။ပြန်တွေးကြည့်တော့လည်း ဖေဖေနှင့် မေမေဟာ သိပ်သနားစရာကောင်းသား။သားဖြစ်သူ‌ကို သူများလက်ထဲပေးလိုက်ရသလို လူပုံအလယ် အရေးပိုင်မင်းသားဟာ ‌ဒါကြောင့်မိန်းကလေးတွေ မကြိုက်ခဲ့တာလားဆိုတဲ့ ခနဲ့သဲ့သဲ့ ပြောခံရတာလည်း မနည်းဘူး။လူအများစုကတော့ မောင့်အကြောင်းမောင့်စိတ်သိသဘောထားသိကြ၍ ထယ်ယောင်းကိုသနားတယ်တဲ့လေ။

ပြက္ခဒိန်ပေါ်က ရက်စွဲကလေးများမှ ဒီနေ့ မရောက်ခင် ရက်ကလေး တွေကြည့်မိပြန်တော့ မနှစ်က အဖြစ်အပျက်များ မျက်ဝန်းထဲ ထင်ရှားလာပြန်သည်။

ထယ်ယောင်းတို့ ခြံထဲက စံပယ်ကုံးတစ်ထောင်တိတိ မှာယူသည့် အိမ်သို့ ထယ်ယောင်းကိုယ်တိုင်
ဦးလေးစံဘမြင်းလှည်းငှားကာ လာပို့မိသည်။ဒီနေ့မှ မိုးသားအေးအေးနှင့် လေညှင်းကလေး ဖြတ်ပြေးနေ‌ သောကြောင့် မြင်းလှည်းပေါ်ထိုင်နေရင်း စံပယ်ရနံ့‌တို့ သည် အေးစက်စက်ရာသီဥတုနှင့် ပနံသင့်လျက်သင်းပျံ့နေလေသည်။

မြင်းလှည်း ရပ်လိုက်သည်နှင့် မြင်နေရသည့် ခြံဝင်ကျယ်ကြီးအား လှမ်းငေးမိသည်။ထိုခြံကြီး၏အလယ်တွင် ကြီးမားသည့် နှစ်ထပ်တိုက်အိမ်ကြီးရှိလေသည်။

"သား ပြောတာ ဒီအိမ်ဘဲ"

"ဟုတ်ကဲ့"

ထယ်ယောင်း မြင်းလှည်းပေါ်က ဆင်းကာ ခြံတံခါးနားတိုးကပ်လိုက်သည်။

"အိမ်ရှင်တို့ အိမ်‌ရှင်တို့"

ဦးလေး ကြီးတစ်ယောက် တံခါးလာဖွင့်လေသည်။

"မနေ့ညနေက ဒီမနက် ပန်းလာပို့ပေးပါဆိုပြီးစာလာလို့ပါ"

"ဪ မောင်ဂျီမင် မှာထားတာနေမယ် လာလေသား"

"နေပါစေ ကျွန်တော်ပန်းတွေပေးခဲ့မယ်လေ"

"ပိုက်ဆံက မှာတဲ့သူ ရှင်းပေးမှာမို့ပါ"

သိမ်းထားခွင့် (Complete)Where stories live. Discover now