"နယ်ချဲ့အင်္ဂလိပ်တွေဟာ သပိတ်ဖြိုခွဲတာ ဒီလိုမရက်စက်သင့်ပါဘူး"
မောင်သည် တစ်ခါမှ ဒေါသမထွက်ဖူးသည့် သူ့အားတအံ့တဩငေးကြည့်နေရှာသည်။သူသည် ခါတိုင်းနှင့်မတူ လက်သီးများဆုပ်၍ အံပါကြိတ်ထားရာက နှုတ်ခမ်းကိုကိုက်ထားမိ၍ သွေးများနှုတ်ခမ်းဆီမှ ဖောက်ထွက်နေသည်။
"ခင်ဗျား နှုတ်ခမ်းသွေးထွက်နေပြီ"
မောင်သည် ထယ်ယောင်း၏ဆုပ်ထားသည့် လက်သီးဆုပ်လေးအားအသာဖြေကာ လက်ကလေးထွေးကိုင်ထားပေး၏။မောင်၏ လက်တစ်ဖက်သည်လည်း ထယ်ယောင်းနှုတ်ခမ်းက သွေးစများကို ပွတ်သပ်သုတ်ပေးနေလေသည်။
"အခုဟာ ရဟန်းတွေကိုတောင် ပစ်တာမောင်ရဲ့ ငါဒီအတိုင်းကြည့်နေရမှာလား အစကသတင်းစာထဲက နေသိရပေမယ့် အခုလိုသေချာမသိရဘူးလေ အခုမှဘဲ မနက်ကပါတဲ့သတင်းစာထဲမှာအသေအချာသိရတာ"
ထိုသူသည် မျိုးချစ်စိတ်ပြင်းထန်သည်နှင့် မျက်ရည်များပါ ရှိုက်ရှိုက်ကာကျလျက် ခံပြင်းနေသေးသည်။လူကသာ အေးဆေးရင့်ကျက်တာ နှလုံးသားလေးကတော့ အနုလေးပါ့လား
"ငိုမနေပါနဲ့ကွာ ကဲလာ ခင်ဗျားဆန္ဒပြချင်လို့လား ကျုပ်ရန်ကုန်လိုက်ပို့မယ်"
သူထိုကို သူတကယ်မရွဲ့ပါ စေတနာနဲ့ပြောလိုက်သည်။ဒါကိုဘဲထိုသူဟာ သူ့ကိုရွဲ့သည်ထင်ကာ မကျေနပ်သည့် မျက်ဝန်းတွေနှင့်ကြည့်ကာ
"မောင် မင်းမှာအသည်းနှလုံးမရှိဘူးလား"တဲ့
"ကျုပ်ပြောမယ် ခင်ဗျားခံစားချက်နားလည်တယ် ဒါပေမယ့် အပြောလေးလည်းဆင်ခြင်အုံး ခင်ဗျားမိဘတွေက အစိုးရအမှုထမ်းနော် လုပ်တော့အရေးပိုင်မင်းကြီး သားကမျိုးချစ် ဟုတ်နေရော အဟွန်း"
သူဘာရယ်မဟုတ်ဘူး ရယ်လိုက်မိသည်။ထိုသူဟာ သူ့လက်ကနေ လက်ကိုဆွက်ကနဲ ဖယ်ကာ တစ်ဖက်ဘေးတိုးသွားလေသည်။
"အခုဟာက သေတဲ့ကလေးထဲ အသက်၁၂ကလေးတောင်ပါတယ်လေမောင်ရ ဟင့်"
ထိုသူသည် ချုံးပွဲချကာ တရှိုက်ရှိုက်ငိုပြန်သည်။ထိုသူဝမ်းနည်းတာလထက် ရင်ကျိုးမရဖြစ်နေရှာရောပေါ့ အသက်၁၂နှစ်အရွယ် ၁၅နှစ်အရွယ် ၁၆နှစ်အရွယ် ၁၉နှစ်အရွယ် ၂၁နှစ် ၂၆နှစ် ၃၃နှစ် ၃၅နှစ်အရွယ်တစ်ဦးစီနှင့် ၁၈နှစ်အရွယ်လူငယ်လေးနှစ်ဦး ဒါ့အပြင်သံဃာတော်၇ဦးကို မန္တလေးမှာ သေနတ်ဖြင့် ပစ်ပြီး သပိတ်ဖြိုခွင်းသတဲ့လေ။ဘယ်လောက်ရင်နာစရာအဖြစ်လဲသူနားလည်တာပေါ့။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanficထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...