"မောင်..."
မောင့်အင်္ကျီကြယ်သီးလေးတွေသူ တပ်ပေးနေတုန်း မောင့် လည်ပင်းကအနီစက်ကလေးတွေမြင်တာမို့ သူ့စိတ်ထဲ နဲနဲတော့ဘဝင်မကျပေ။သို့သော် ဘာမှဆက်မပြောဘဲ မောင့်ဆီက မျက်နှာလွှဲလိုက်သည်။
မောင်သူ့ခါးကို ထိန်းကိုင်လာသည်။ခေါင်းတစ်ဖက်လွှဲထားတော့ ထင်းနေသည့် လည်တံဆီ မောင့်နှာတံကပ်လာကာ တစ်ရွှတ်ရွှတ်နမ်းတော့သည်။
"ဖယ်..."
"ရွှတ် ခင်ဗျားသဝန်တိုနေတာလား"
မောင်သူစောဏက ကြည့်တာ သိသည်ပေါ့
"သဝန်မတိုပါဘူး မင်းက သန်မာတဲ့ယောက်ျားတစ်ယောက်ဘဲ မင်းမိန်းမလှလေးမြင်ရင် မင်းလည်းချစ်ချင်ချစ်မိပြီး အတူတူနေနိုင်တာဘဲ"
မောင်က သူ့မေးကနေဆွဲယူကာ မျက်ဝန်းချင်းဆုံစေသည်။ပြီးတော့ ရယ်ကြဲကြဲမျက်နှာဘေးနှင့်
"မနေ့ည အိုက်လို့ ကုပ်ထားတဲ့အရာပါကွာ"
မောင်က သူ့ကော်လံစကို ဆွဲချကာ ထယ်ယောင်းကိုသေချာပြသည်။ထယ်ယောင်း မျက်လုံးလေးက ဘာရယ်မဟုတ် လိုက်ကြည့်မိနေသည်။
"ခင်ဗျားကို ကျုပ်ဘယ်တော့မှ သစ္စာမဖောက်ဘူး ဒါတော့ယုံ"
ထယ်ယောင်း မျက်နှာလေး နီမြန်းသွားမည်ထင်သည်။မောင်ကတော့ ထယ်ယောင်းမျက်နှာလေးကို မရှက်ရှက်အောင်ကို လိုက်ကြည့်နေတာ။
"ခင်ဗျား ရည်းစားမထားဖူးဘူးလား"
မောင့်စကားကြောင့် ထယ်ယောင်း မောင့်နားကနေ ကုတင်ပေါ်သွားလိုက်သည်။မောင်က ထယ်ယောင်းအပြောကို ရပ်၍ စောင့်နေလေသည်။
"မထားဖူးဘူး"
"ဟွန်း"
မောင်ရယ်သည်။ဘာလဲ ဒါသူ့ကို သက်သက်အထင်သေးတာလား။ထယ်ယောင်း မောင့်ကိုကြည့်ကာ ပြန်ဆိုလိုက်သည်။
"ငါ့ဘဝမှာ ရည်းစားထားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
မောင်မျက်နှာ ပြန်တည်သွားသည်။
"ဒါကြောင့် ကျုပ်ညီမကိုရက်စက်ခဲ့တာပေါ့ ဟုတ်လား"
မောင်မျက်မှောင်ကြီးကြုတ်ကာ သူ့ဘေး ထိုင်သည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...