" မောင် "
" ဗျာ "
" ကျွန်တော် ခင်ဗျားကို ချစ်တယ် "
မောင်ဟာ ပြုံးလျက် အသက်ရဲ့ခါးလေးကို လက်ဖဝါးကြီး နှစ်ဖက်နဲ့ ဆွဲပွေ့ကာ နဖူးချင်း ထိတိုက်လိုက်တယ်။
" အဲ့ဒီ့ ချစ်တယ်ဆိုတဲ့စကားထက် မောင့်အသက် ကို မောင်သိပ်မြတ်နိုးတာ "
" အင်း, ခင်ဗျားသာ ဆန့်ကျင်ဘက်လမ်းကို ရွေးချယ်ပြီး ကျွန်တော့်ကို ထားခဲ့ရင် ကျွန်တော် ခင်ဗျားကို နောင်ဘဝတွေထိ မုန်းပစ်မှာနော် "
" အဟွန်း.. မောင့်ကို မုန်းနိုင်ဖို့ တစ်နေရာစာလေးတောင် အသက်ကလေး ရဲ့ နှလုံးသားနုနုမှာ နေရာရှိရဲ့လား "
အသက်ရဲ့ နုတ်ခမ်းပါးလေးကို ဖိကပ်နမ်းလိုက်ပြီး မေးလာတဲ့ မောင့်မေးခွန်းကြောင့် အသက်ဟာ မောင့်ထံပါးသို့ မျက်စောင်းလေးဝံ့တယ်။ထို့နောက် မောင့်လည်တိုင်ထက် လက်နှစ်ဖက်နဲ့ ယှက်နွယ်လိုက်ရင်း..
" မောင် ကျွန်တော့်ကို ချောင်ပိတ်မမေးနဲ့။ကျွန်တော့်ဆီက ထွက်သွားခွင့်လည်း မောင့်မှာ ရှိမနေဘူးနော် "
" အသေအချာပေါ့။အသက် က မောင့်ရဲ့တစ်ဦးတည်းသောလေး ပဲဟာကို "
" ခင်ဗျားက လည်း ကျွန်တော့်ရဲ့ အရာရာပါ မောင်။အဲ့ဒါကြောင့် ကျွန်တော့်လက်ကို ဖြုတ်ချခဲ့ဖို့ တစ်ကြိမ်တစ်ခါတောင် မတွေးပါနဲ့ "
" ကတိ "
" ဟုတ် , ကတိ မောင် "
မောင် ကမ်းပေးလာတဲ့ လက်သန်းလေးအား အသက်ဟာ မဆိုင်းမတွပင် ချိပ်လိုက်ပြီး ကတိထားခဲ့ကြသည်။
ထို ကတိသစ္စာအား
မေပယ် ပင်ကြီး သက်သေရှိ၏။
ခုံတန်း အနီရောင်လေး သက်သေရှိ၏။
မြက်ခင်းစိမ်းစိမ်း တွေ သက်သေရှိ၏။
လေပြေနုနု တို့ သက်သေရှိ၏။
ထိုအချိန်လေး မှ စ ခဲ့ ၍....
YOU ARE READING
𝑩𝒓𝒆𝒂𝒌 𝑼𝒑 [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]
Fanfictionမောင် က ခေါ် မယ် " အ သက် " လို့ 🅆🄰🄽🄶 ♡ _____________ မောင် ဆိုတာ ကျွန် ေတာ့် ရဲ့ " တစ် ဦး တည်း သော " လေး 🅇🄸🄰🄾 ♡ bjyx