𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 13 _ 𝑈 & 𝑍

926 50 2
                                    

မောင့်ကို ချစ်မိကတည်းက ညစဥ်ညတိုင်းဟာ အလွမ်းတွေနဲ့ပါ။ရလာတဲ့ဘဝလေးမှာ တစ်ကြိမ်မျှသာ ချည်နှောင်မိတဲ့ကြိုးဟာ မောင်ပါတဲ့။မောင်ဆိုသော ကြိုးကို တင်းတင်းကြပ်ကြပ် ဆွဲကာချည်နှောင်ရင်း အသက်ကလေးက သူ့ရဲ့ဘဝမှတ်တိုင်ထိပ်မှာ မောင့်နာမ်မည်အား ကမ္ဗျည်းထိုးလွှင့်တင်တယ်။မောင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အသက်ရဲ့အရှင်သခင်က မောင်ပါဆိုတာကို အသက်ရှင်နေသရွေ့ အပိုင်စားပေးထားပါဦးမည်။

📞 >>>

ကုတင်ပေါ်ထိုင်ရင်း မောင့်ကိုလွမ်းနေရလို့ အိပ်မရတဲ့အသက်တစ်ယောက် ကောက်ကာငင်ကာ ထ မြည်လာတဲ့ ဖုန်းသံကြောင့် အတွေးစ တို့ပြတ်တောက်သွား၏။မောင့်ပုံ wallpaper လေးပေါ်မှာ ချစ်သောမောင် ဆိုသည့် နာမ်စားကလေးဟာ ထင်ရှားစွာ။အသက်က မောင့်ကိုမေ့မေ့လျော့လျော့နဲ့ ထိုင်လွမ်းမိနေတော့ ဖုန်းလိုင်းဖွင့်ဖို့ကို မေ့သွားပုံပါပဲ။မောင်က အပြင် call နဲ့ အခေါ်တော်ဆင့်လာလေရဲ့။အသက်ဟာ ဖုန်းကို အမြန်ကောက်ကိုင်လိုက်ရင်း..

📞 " ဟဲလို မောင် "

📞 " အသက် ဘာလို့ လိုင်းတက်မလာတာလဲ။မောင်က VC ခေါ်ဖို့ စောင့်နေတဲ့ဟာကို "

📞 " ဟီး sorry ပါ မောင်ရယ်။ကျွန်တော် မောင့်ကို ထိုင်လွမ်းနေတာရယ် "

မောင့်ဘက်က အသံတိတ်သွားတယ်။အသက်ရဲ့အဖြေလေးကြောင့် မောင့်ရင်တွေက တဒိန်းဒိန်းခုန်ပေါက်ပြီး နှလုံးသားကြီးက အပြင်ကိုခုန်ထွက်သွားသလိုပါပဲလား။ခြွေတတ်လိုက်တာ မောင့်အသက်ရယ်။စိတ်ဆိုးပစ်မယ်လို့ တွေးထားကာကျမှ စိတ်မဆိုးရက်အောင်ပင် အသက်ကလေးက လာပြီးချစ်ဖို့ကောင်းနေပြန်သည်။အသက်နဲ့ကြောင့် မောင့်အသဲတွေ ကြွေကျနိုင်တာမို့ ခက်ရချည်ရဲ့ဗျာ။

📞 " အပြစ်လုပ်ထားပြီးတော့ လူကိုလာခြွေမနေပါနဲ့။မောင် အသက် အိမ်ရှေ့ရောက်နေတာ "

📞 " ဗျာ ! "

📞 " ဟုတ်တယ်။အသက်ကို အရမ်းလွမ်းလာလို့ ဖေဖေနဲ့မေမေ့ကို ပြောပြီးထ ထွက်လာခဲ့တာ။အသက် မောင့်ကို တံခါးလာဖွင့်ပေးပါလား "

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now