𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 12 _ 𝑈 & 𝑍

1.7K 66 2
                                    

           အတားအဆီးတွေကြားက ချစ်ထားရလို့ထင်ပါရဲ့။အသက်က မောင့်ကိုသိပ်ချစ်တယ်။အစ်ကိုဖြစ်သူကို တော်လှန်ထားပါသော အသက်ကလေးသည် မရှိမဲ့ရှိမဲ့သတ္တိပိစိလေးတွေစုပြီး မောင်နဲ့ရှေ့ဆက်နေရပေမဲ့ ကျန်းချန်တစ်ယောက်တော့ဖြင့် အခုထိအမြင်မကြည်။မောင့်ကိုတွေ့ရရင်ကို ဘဝအဆက်ဆက်က တိုက်ပွဲဝင်လာကြသည့် ရန်သူတွေအလား အကြည့်ပင်မဆုံပါဘဲ ရှောင်သွားတတ်ပါ၏။

           အသက်ရဲ့အမြင်မှာ မောင်ဟာသိပ်ကိုချောမောနေပါလျက်နဲ့ အမြင်မကြည်ဖြစ်နေပါသော ကျန်းချန်ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာနတ်ဆိုးဝင်နေလဲမသိပါပေ။မောင်က ဒီလောက် သိပ်ချစ်စရာလေးကို ဒီကောင်သဘောမကျဘူးဆိုတာက တော်တော်လွန်တာပေါ့။ဒါကြောင့်လည်း ရည်းစားမရှိ လူပျိူကြီးဖြစ်နေတာ မဆန်းတော့။သူ့လို ဂွစာကောင်က ဘယ်တော့မှလည်း စွံမည့်သူမဟုတ်သလို အသက်ချစ်တဲ့မောင့်ကို သဘောမကျတာကလည်း ကျန်းချန်ရဲ့ဇီဇာကြောင်ခြင်း တစ်မျိူးပဲမို့ ညှိယူဖို့တော့ခက်သည်။ဂွကျလိုက်တဲ့ လူပျိူကြီး။

          " အစ်မရယ် ယောင်္ကျားလေးချင်း ကြိုက်နေတာက အစ်မအတန်းက ဆိုလို့ ကျွန်မဖြင့်အံ့သြနေတာ "

          " သြော် ..သူ့ဘဝအကျိူးပေးနဲ့သူလေ ညီမရဲ့။သူတို့လေးတွေက အရမ်းလိုက်ဖက်နေတော့ ကံတရားကြီးကမနေနိုင်ဘဲ ဖူးစာဆုံပေးရတာပေါ့ "

          " ညီမသာဆိုရင် လေ အဲ့လိုခွင့်မပြုပါဘူး။ကျားချင်းငြိတော့ ဘာရမှာလဲအစ်မရဲ့။ရှက်စရာလည်း ကောင်းသလို လူပြောကလည်း ခံရသေး "

          " အဲ့လိုလည်း မဟုတ်ဖူးလေ။အခုက ထိပ်တန်း Group နှစ်ခုက သားနှစ်ယောက်လေ။သူတို့ချင်းပေါင်းစည်းသွားတော့ ပိုတောင်ဂုဏ်တက်သေးတယ်မလား။စီးပွားရေးလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာဦးမှာ မြင်ယောင်နေပြီ "

           " သြော် လက်စသတ်တော့ ရှောင်းကျန့်က ဒီယုန်မြင်လို့ ဒီချူံထွင်တာပဲ။ဝမ်ရိပေါ်ကို ဘဝပုံပေးပြီး အပိုင်ချူပ်တယ်။သူအတန်းကိုလည်း ကျွန်မအတန်းကနေ ရအောင်ခေါ်တယ်။ဝမ်ရိပေါ်ကလည်း အလွယ်ပါသွားတာပဲ။ပြီးတော့ သမီး Baby ကိုလည်း လှည့်မကြည့်တော့ဘူးလေ "

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now