ကျောင်းခန်းထဲရောက်တော့ အသက်က အတန်းခေါင်းဆောင်ပီပီ အတန်းထဲက ကျောင်းသားတွေရဲ့ နာမည်စာရင်းတွေကို သေချာစစ်ဆေးပြီး ပြန်ကူးသင့်တာတွေကူးနေတယ်။မောင်ကတော့ အသက်ကို တစ်စိမ့်စိမ့်နဲ့ ထိုင်ကာကြည့်ပေါ့။မောင့်အကြည့်မြှားမှာ အချစ်ရည်တွေသုတ်လိမ်းပြီး ပစ်ပစ်လွှတ်နေသလား ထင်ရအောင်ပင် စူးရှထိုးဖောက်နိုင်လွန်းလို့ မနေတတ်သူက အသက်ကလေးပါပင်။
" ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ မောင် "
" မောင် ဘာလုပ်လို့လဲ အသက်ရဲ့ "
" ကျစ် ! ပြန်မေးနေသေးတယ်။ခင်ဗျား အကြည့်တွေကို တစ်ခြားနေရာပို့ထားလို့ မရဘူးလား။ကျွန်တော် မနေတတ်ဖူးလို့ "
" ဟောဗျာ "
" လုပ်ပါ။ဖုန်း ဖြစ်ဖြစ်သုံးနေစမ်းပါ "
" မောင် ဖုန်းသုံးနေတော့ အသက်ကို ဂရုမစိုက်သလိုဖြစ်သွားမှာ ဆိုးလို့လေ "
" ရတယ် ရတယ် "
မောင်က လက်ညိုးနဲ့လက်မလေး ဝိုင်းကာ OK ဆိုသည့်ပုံစံမျိူးပြတော့ အသက်က သက်ပြင်းလေးချလို့။လေပူတွေကို မှုတ်ထုတ်လိုက်တဲ့အသက်က အခုမှအသက်ဝဝ ရှူလိုက်ရသလိုမျိူး ရင်ဘက်ကလေးနိမ့်ချည်မြင့်ချည်ဖြင့်။မောင့် မျက်မှအကြည်လေးကို ဟန်ပါပါတပ်ရင်း ကျောင်းသားစာရင်းတွေ ဆက်ကူးနေတဲ့အသက်ကို မောင်က မနှောက်ယှက်တော့ပါဘူး။
ကိုယ့်ရည်းစားက ကြည့်တာတောင် မနေတတ်ဖူးဆိုတော့ အသက်က ဘာလဲ။မျက်နှာလေးကြည့်တာတောင် ဒီလောက်ရှက်နေတာ တစ်ခြားဟာဆို မောင်မြင်တောင်မြင်ဖူးပါဦးမလား မသိဘူး။အသက်ကလေးနဲ့လည်း ခက်ပါတယ်။
" ဟင်! "
ဖုန်းသုံးနေတဲ့မောင်က gp တစ်ခုကနေ မိနစ်ပိုင်းအတွင်း ပျံ့လာတဲ့ video နဲ့ photo တွေကြောင့် မျက်ခုံးထူထူတို့ မြောက်တက်သွားပါ၏။သေချာကြည့်လိုက်တော့မှ ဒီ gp ဟာ မောင်တို့ကျောင်းရဲ့ အမှတ်တရတွေနဲ့သဘောကျတာတွေ စိတ်ကြိုက်တင်လို့ ဖွင့်ထားတဲ့ gp တစ်ခုပင်။ဒါကြောင့်လည်း မောင်နဲ့အသက်ရဲ့ပုံတွေက ဒီလိုမျိူးမြန်မြန်ဆန်ဆန်ကြီး ပျံ့လာတာဖြစ်နိုင်သည်။
YOU ARE READING
𝑩𝒓𝒆𝒂𝒌 𝑼𝒑 [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]
Fanfictionမောင် က ခေါ် မယ် " အ သက် " လို့ 🅆🄰🄽🄶 ♡ _____________ မောင် ဆိုတာ ကျွန် ေတာ့် ရဲ့ " တစ် ဦး တည်း သော " လေး 🅇🄸🄰🄾 ♡ bjyx