" ဟိုတစ်ယောက် Rank တင်ပေးရမယ်ဆို အဝတ်စားတွေလဲပြီး ဘယ်ထွက်မလို့လဲ "
မသိအောင်ထွက်ပါမယ်ဆိုကာကျမှ ခေါင်းမှာနောက်မျက်စိပါတဲ့ ကျန်းချန်က မြင်ဖြစ်အောင်မြင်သွားသေးတယ်။မိသွားမှတော့ ပြောပြမှပဲဖြစ်လိမ့်မည်။ဘာလို့ဆို ရှောင်းကျန့်က ဒီလိုအချိန်မျိူးတွေမှာ အပြင်ထွက်ဖူးတာမှမဟုတ်တာ။
" အေး ငါ ကိစ္စလေးပေါ်လာလို့ ကျန်းချန်။အဲ့ဒါ ငါသွားမှဖြစ်မှာ "
" မင်းကိစ္စက ဘယ်လောက်တောင် အရေးကြီးနေလို့တုန်း။ဒီလိုမှောင်တော့မဲ့အချိန် သွားမှဖြစ်မှာလား "
ပြောဖို့ပြင်ပြီးမှ မပြောချင်တော့လို့ ရှောင်ပါတယ်ဆို ပုလိပ်စစ်လာစစ်နေသေးသည်။ဒီကောင် ဒါကြောင့်အခုထိ ရည်းစားမရတာ။
" အေးကွာ ငါလည်းမထွက်စဖူး ထွက်ရတာ။ဟို ဟို..လမ်းထိပ်က ငါနဲ့ကျောင်းတူသူငယ်ချင်းတစ်ယောက် လှမ်းခေါ်လို့။ Monday ခရီးအတွက် သူပြင်ဆင်ထားတာတွေ ငါ့ကိုပြချင်တယ်ဆိုလို့ .. အဲ့ဒါ "
ကျန်းချန်က ဟုတ်လို့လား ဆိုသည့်သဘောဖြင့် မျက်မှောင်ကုတ်ကာ ကြည့်သည်။စကားလုံးမလှစွာ အကြောင်းပြချက်ပေးနေသည့် ရှောင်းကျန့်ပုံစံက သူ့အမြင်မှာ တစ်မျိူးဖြစ်နေတယ်လို့ ထင်တယ်။
" အားကျန့် ဘယ်သွားမလို့လဲ။အပြင်မှာ မိုးတွေလည်းရွာတော့မယ် "
ကျန်းချန်နဲ့ပြောနေတုန်း အစ်မဖြစ်သူကပါ အခန်းပြင်ထွက်လာပြီး မေးလာသည်။ရှောင်းကျန့်အတွက် အကြပ်ရိုက်သွားသော်လည်း အစ်မကိုဘယ်တုန်းကမှ မလိမ်ခဲ့ဖူးတာကြောင့် အခုလည်း သူညာဖို့မကြိုးစားပါဘူး။ဝမ်ရိပေါ်နှင့် ပတ်သတ်သည့်အရာကိုတောင် အမှန်တိုင်းပြောပြမိမှာပင်။
" သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့မမ။သူနဲ့ကတစ်ခန်းထဲလည်းဖြစ်သလို ဟိုဘက်လမ်းထဲမှာဆိုတော့ အိမ်လည်းနီးတယ်လေ။ကျောင်းခရီးအတွက် တိုင်ပင်စရာလေးတွေရှိလို့ပါ "
" အားကျန့်ရယ် ညနေစောင်းလာပြီ။ပြီးတော့ မိုးတွေလည်းတက်လာတာ မည်းမှောင်လို့ကွယ်။မမ စိတ်မချဘူး။ပြီးရင် မင်းက မိုးခြိမ်းရင်ကြောက်ကကြောက်နဲ့ မနက်လင်းမှ သွားလို့မရဘူးလား "
YOU ARE READING
𝑩𝒓𝒆𝒂𝒌 𝑼𝒑 [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]
Fanfictionမောင် က ခေါ် မယ် " အ သက် " လို့ 🅆🄰🄽🄶 ♡ _____________ မောင် ဆိုတာ ကျွန် ေတာ့် ရဲ့ " တစ် ဦး တည်း သော " လေး 🅇🄸🄰🄾 ♡ bjyx