𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 9 _ 𝑈 & 𝑍

1.4K 57 4
                                    

         " ဒီ ရေပူစမ်း က ဘဘတို့ဒေသမှာ တည်ရှိလာတာဟာ ကြာပြီ ဆရာမ ရဲ့။ဘိုဘေးတွေလက်ထပ် ကတည်းကပဲဲပြောတော့။အစဥ်အဆက် ထိန်းသိမ်းပြုပြင်လာတာ ဒီနေ့ထိပဲပေါ့လေ "

          " ဟုတ် ဘဘ။ချောင်းရေက အပူဆိုတော့ လူတွေအပြင် တစ်ခြားအရာတွေကို ကာကွယ်ဖို့ကျ ဘဘ တို့အနေနဲ့ ဘယ်လိုများ စီစဥ်ပေးထားလဲရှင့် "

          " ဂူအတွင်းဘက်က ထွက်လာတဲ့ သဘာဝရေပူ ဆိုတော့လည်း တိရိစ္ဆာန်လေးတွေအတွက်တော့ အန္တရာယ်ရှိတာပေါ့။ဒါကြောင့်လည်း ဘဘတို့က အမြဲစောင့်ကြည့်ပြီး ချောင်းတစ်လျှောက် အစောင့်တွေထားရတယ်ကွဲ့။ဒါမှ သူတို့လေးတွေ ချောင်းအနားမကပ်ကြမှာ။မြစ်နဲ့နီးပြီးသားဆိုတော့ ဒေသခံတွေကပဲ တစ်လှည့်စီစောင့်ကြပ်ရတာမျိူးပေါ့ "

          ဆရာမနဲ့ရေပူစမ်းရဲ့သဘာဝစောင့်ရှောင်ရေးကို တာဝန်ယူရတဲ့အဘ တို့ စကားပြောနေတုန်းမှာ ကျောင်းသားတွေကလာ်း စိတ်ဝင်တစားနားထောင်ကြတယ်။အပျော်ခရီးထက်ပဲ လေ့လာရေးခရီးမို့ ရောက်လာတဲ့နေရာရဲ့ ဖြစ်ရိုးဖြစ်စဥ်တွေကိုတော့ မဖြစ်မနေသိသွားသင့်သည် မဟုတ်ပါလား။

          အားလုံးထဲမှာ မောင်တစ်ယောက်ကတော့ဖြင့် စကားဝိုင်းဆီစိတ်ရောက်လိုက် အသက်ကလေးရဲ့အလှတရားလေးကို ငေးကြည့်လိုက်နဲ့ အားတယ်လို့မရှိပါဘူး။အသက်ကလေးကသာ လူကြီးတွေစကားပြောတာကို စိတ်ပါလက်ပါနားထောင်ရင်း ခေါင်းလေးတညိမ့်ညိမ့်နဲ့။ဒါပေမဲ့ အသက်က မောင့်အကြည့်တွေစူးတော့ မခံနိုင်ဘူးထင်ပါရဲ့။ရှက်ရမ်းလေး ရမ်းနေတာများ လည်ဂုတ်ကလေးကို ပွတ်ကာ သပ်ကာဖြင့် ပြုံးနေသေး၏။

          အသက်က အရှက်ရမ်းရင် မောင်က အပြတ်ငမ်းမယ်။အသက်ကလေးက ရှောင်ဖယ်ရင်တော့ မောင်က နှောင်တွယ်ပစ်မှာပေါ့။အသက်ကို မောင်ချစ်တာက တော်ရုံမှမဟုတ်တာကိုကွယ်။

         " ဟုတ်ကဲ့ပါ ဘဘ။သိချင်တာတွေကို စိတ်ရှည်ရှည်​ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် "

         " ရပါတယ် ဆရာမရယ်။ဒါက ဘဘ တာဝန်လေ။ဆရာမ တို့ လိုအပ်တဲ့စားစရာတွေကို ဟိုရှေ့က စျေးတန်းကလေးမှာ သွားဝယ်လို့ရတယ်။ခေါက်ဆွဲတွေကို သန့်ပြီးသားရေနဲ့ပြုတ်ကြပါ။ပြီးတော့ ကြက်ဥတွေကိုတော့ ချောင်းအစပ်မှာ အဆင်ပြေသလို ပြုတ်လို့ရတယ်ကွဲ့ "

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now