𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 4 _ 𝑈 & 𝑍

1.5K 63 7
                                    

      " ဟိုး ဟိုး ကားဆရာ ဒီမှာရပ်လို့ရပြီ "

      " ရောက်ပြီလား "

      " အင်း လမ်းညာဘက်ဘေးမှာ ချပြီးရပ်လိုက် "

      " အင်း "

      မြို့ပြနှင့်မလှမ်းမကမ်းဆီမှ လွင်ပြင်ကျယ်ကျယ်တွေရှိနေတဲ့ တိတ်ဆိတ်တဲ့နေရာလေးတစ်ခု။စိမ်းညို့နေတဲ့ မြက်ခင်းတွေရှိသည့်အပြင် မုန်လာစိုက်ခင်းတွေလည်း ရှိနေတာမို့အေးအေးချမ်းချမ်းရှိလှသည်။သူတို့နှစ်ယောက်လုံး ကားပေါ်ကဆင်းပြီးတာနဲ့ ဘေးပတ်ဝန်းကျင်အားလေ့လာလျက် ကိုယ်စီပြုံးလိုက်ကြသေး၏။

      " ဘယ်လိုလဲ ခင်ဗျား။ဒီနေရာလေးက မြို့ပြနဲ့ဝေးတော့နေရတာ အေးချမ်းတယ်မလား "

      " မဆိုးပါဘူး။ကိုယ် တစ်ခါမှ မရောက်ဖူးဘူး "

      " သိပါတယ်။ခင်ဗျားလို အိမ်တွင်းပုန်းလေးက ကျောင်းနဲ့အိမ်က လွဲရင်ဘယ်မှမသွားလောက်ဖူးဆိုတာ "

      " အဟက် မင်းပြောလည်း ခံရမှာပဲ "

      " ဒါဆို ကျွန်တော်တို့ဆက်သွားရအောင် "

      " ဘယ်ကိုလဲ "

      သူ့ဘက်လှည့်ကာ မေးလာသောဝမ်ရိပေါ်အား ရှောင်းကျန့်ပြုံးလျက် ကြည့်လိုက်မိသည်။တစ်ဆက်ထဲ သူတို့ရှေ့မှာမြင်နေရတဲ့ လွင်ပြင်ကျယ်ကျယ်လေးရဲ့အဆုံးမှ ကုန်းကမူလေးတစ်ခုဆီ ညွှန်ပြလိုက်ရင်း..

      " အဲ့တောင်ကုန်းလေးထိ ရောက်အောင်သွားရမှာ။သစ်ပင်နဲ့ ခုံတန်းလေးကိုတွေ့တယ်မလား "

      " အင်း "

      " သွားမယ်... လာ "

      ရှေ့ကဦးဆောင်သွားသူလေးနောက် အသာယာလိုက်ရင်း တောင်ကုန်းဘက်ကဆင်းပြီး တိုက်ခတ်လာတဲ့ လေနုနုတွေကို ရင်ဆိုင်နေရသည်။ကုန်းမြင့်ဆီမှ ဖိအားနဲ့တိုက်လာတာမို့ လူတောင်အနောက်ဘက်ကို ယိုင်ချင်သလိုလို။ရှေ့ကသွားနေတဲ့ရှောင်းကျန့်က သွားနေကျမို့ထင်။စုန်ဆင်းလာသည့် လေ၏အဟုန်ကို ဂရုမစိုက်သည့်နှယ်ခပ်မှန်မှန်ပင် သွားလို့နေသည်။သူတို့နှစ်ယောက် ကုန်းလေးပေါ်ရောက်တာနဲ့ ကုန်းလေးရဲ့ တစ်ဖက်ခြေရင်းမှာတွေ့နေရတဲ့ ဂေါ်ဖီထုပ်စိုက်ခင်းတွေဟာ တစ်မျှော်တစ်ခေါ်ကြီး ရှိနေတာ။ယာထဲအလုပ်လုပ်နေတဲ့ လူတွေလည်းရှိနေတာမို့ ထိုရှုခင်းလေးက အခုမှရောက်ဖူးတဲ့ ဝမ်ရိပေါ်ရဲ့စိတ်ကို တကယ်ကြီးအေးချမ်းနေစေသည်။

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now