ညို့မှိုင်းနေတဲ့ကောင်းကင်တစ်ခွင်မှာ သည်းသည်းမဲမဲရွာတော့မည့် မဟူရာရောင်တိမ်စိုင်တွေ ပြည့်လို့နေသည်။လေပြင်းတွေကလည်း တစ်ချက်တစ်ချက်ဝှေ့တိုက်နေတာမို့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အေးစက်စက်ခံစားချက်တွေကိုပေးစွမ်းလာခဲ့ပြီ။စာသင်တက္ကသိုလ်တစ်ခုထဲမှ ပြေးထွက်လာတဲ့ ကျောင်းသားတစ်ယောက်ဟာလည်း ပြိုတော့မည့်မိုးကို ရင်ဆိုင်ရတော့မည့်အခြေနေတစ် ရောက်နေပြီဖြစ်၏။
" ကျစ် ! ဒီအရေးမပါတဲ့ မိုးက ကျောင်းဆင်းချိန်ဆိုလုပ်ပြီ "
အတန်းကထွက်လာတဲ့ ရှောင်းကျန့်ဟာ သူ့ဘာသူရွာတော့မည့်မိုးကို သွားပြီးအပြစ်တင်လိုက်သည်။မည်းတက်တဲ့ကောင်းကင်ကြီးကို မျက်မှောင်ကျူံ့လျက်မော့ကြည့်ရင်း ဒီနေ့ကျမှကားယူမလာခဲ့သည့် မိမိကိုယ်ကိုမကျေမနပ်ဖြစ်လျက်။ခုတော့ အိမ်အပြန်လမ်းက မိုးမိပေဦးတော့မည်။
" မတတ်နိုင်ဘူးလေ ကိုယ့်အပြစ်နဲ့ကိုဆိုတော့ "
ပြောရင်းက အပြေးတစ်ပိုင်းနှင့် ကားလမ်းပေါ်ထွက်လာလိုက်၏။မိုးစက်တွေဟာ ခပ်ကျဲကျဲကျဆင်းလာပြီမို့ သွက်သွက်ပြေးနေပေမဲ့ ချက်ချင်းကြီးဝုန်းဆို ရွာချလိုက်တာမှာဆက်ပြေးလို့ မရတော့အောင်ပင်။လက်ထဲမှာပိုက်လာတဲ့ စာအုပ်တစ်ချိူ့နှင့် ခေါင်းရေမစိုအောင်ကာကွယ်လိုက်ပြီး အနီးဆုံးမှ ကားမှတ်တိုင်တစ်ခုရဲ့အမိုးလေးအောက်ကို ပြေးဝင်ရတော့သည်။
" -ီး မိုးကလည်း ရွာပြီဆို ချက်ချင်း..ကွိုင်ပဲကွာ အကုန်စိုကုန်ပြီလားမသိဘူး "
မိုးကို ပြစ်ပြစ်နှစ်နှစ်ကျိန်ဆဲရင်း ရှပ်လက်ရှည်မှာအနည်းငယ်စိုသွားတဲ့ မိုးစက်တွေကိုခါထုတ်ပစ်လိုက်သည်။စာအုပ်တွေကိုဘေးချပြီး ခေါင်းဆံပင်ဖျားက ရေစက်တွေကိုပါတစ်ဆက်ထဲခါရင်း နုတ်ခမ်းလေးစူထော်လျက် လေပူတစ်ချက်ကိုမှုတ်ထုတ်ကာ ဘေးဘီကိုကြည့်လိုက်တော့ သူ့လိုပဲမိုးခိုနေပုံရတဲ့ လူတစ်ယောက်ကိုတွေ့တယ်။ထိုလူက မျက်မှန်အကြည်လေးနဲ့ အံ့သြနေဟန်လေးလုပ်ကာ သူ့ကိုခပ်စိုက်စိုက်ကြည့်လို့ရယ်။
YOU ARE READING
𝑩𝒓𝒆𝒂𝒌 𝑼𝒑 [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]
Fiksi Penggemarမောင် က ခေါ် မယ် " အ သက် " လို့ 🅆🄰🄽🄶 ♡ _____________ မောင် ဆိုတာ ကျွန် ေတာ့် ရဲ့ " တစ် ဦး တည်း သော " လေး 🅇🄸🄰🄾 ♡ bjyx