𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 6 _ 𝑈 & 𝑍

1.7K 64 5
                                    

မွတ်သိပ်စွာဖြင့် အနမ်းခံလိုက်ရတဲ့ နုတ်ခမ်းလေးတစ်စုံဟာ ထုံထိုင်းစွာ။နမ်းနေသူက ဘယ်လိုနေသည်မသိပေမဲ့ အနမ်းခံနေရသူမှာတော့ နီစွေးစွေးနုတ်ခမ်းတို့ နာလုပြီ။ပါးပြင်လေးမှတစ်ဆင့် နားရွက်ရွက်အောက်မေးရိုးဆီကို လက်ဖဝါးကြီးနဲ့အုပ်ကိုင်ကာ အနမ်းခံနေရတာများ ရူးသွားတော့မည် ထင်ပါရဲ့။

" ...ဝမ်..."

ဆုပ်ကိုင်ထားမိတဲ့ ရင်ဘက်ကော်လံစ ကိုတင်းတင်းဆွဲကာ လှုပ်ရမ်းမိတော့မှ နုတ်ခမ်းတို့ကို ဖြေလွှတ်ပေးလာသူဟာ ညို့ငင်အားကြီးလိုက်တာ။ထိုအကြည့်တွေကြောင့် တစ်ကြိမ်တစ်ခါမျှ မခုန်ဖူးသည့် ရင်ဘက်က ဂျွမ်းထိုးမှောက်ခုံတွေဖြစ်လို့။တဒိတ်ဒိတ်ခုန်နေသည့်အသံအား မသိချင်ယောင်ဆောင်ရင်း ဝမ်ရိပေါ်အား မကြည့်ရဲတော့ပါ။

" အခု..အခု ဘာတွေလုပ်လိုက်တာလည်း ခင်ဗျား သိရဲ့လား "

" ကိုယ် သိပ်ချစ်မိနေပြီလို့ ပြောခဲ့သားပဲ... ပြွတ်စ် ပြွတ်စ်..."

စိုရွှဲသွားသည့် နုတ်ခမ်းလေးအား လက်မနဲ့အသာဖိသုတ်ပေးကာ နှစ်ခါဆက်တိုက် ခပ်ဖွဖွနမ်းသွားပြန်၏။ဆံနွယ်နုနုတွေကို အသာအယာသပ်တင်ပေးရင်း မိမိမျက်နှာအား ငေးမောနေသည့် ထိုယောင်္ကျားဆီကနေ ဘယ်လိုနည်းလမ်းနဲ့များ ရုန်းထွက်ရပါ့မလဲ။ယောင်္ကျားတစ်ယောက်ဖြစ်တဲ့သူ့ကို နှစ်လိုဖွယ်အနမ်းတွေပေးပြီး မြတ်နိုးမှုနဲ့ကြည့်နေတဲ့ ဝမ်ရိပေါ်က စိတ်မမှန်တော့ဘူးထင်ပါတယ်။

" နီးကပ်သွားလို့ သာယာနေတယ်လို့ပဲ မှတ်ပါတယ်။ကျွန်တော့်ကို လွှတ်ပေးတော့ "

" ဟင့်အင်း.. အသက်ကို ချစ်တယ် "

" အသက်...ဟုတ်လား "

" မြတ်နိုးလွန်းလို့ ခေါ်မယ်။အသက် လို့ "

" အဟက်...ခင်ဗျား ရူးနေပြီပဲ ဝမ်ရိပေါ်။ကျွန်တော်က ယောင်္ကျားကြီးနော် "

" ချစ်တယ် အသက်ရယ် "

ဝမ်ရိပေါ်က သူ့ ရင်ဘက်ကျယ်ကျယ်ဆီ ရှောင်းကျန့် ခေါင်းလေးကိုအသာကပ်ကာ ယုယစွာထွေးပွေ့လာပြန်သည်။ထို့အတူ အသက် ဆိုသည့် အသုံးအနှုန်းလေးကြောင့် ရှောင်းကျန့်ရဲ့ရင်ခုန်သံတို့ ပိုလို့မြန်ဆန်ကာ နှလုံးသားတစ်ခုလုံးပေါ်သို့ ရထားဆယ်စီးလောက် ဖြတ်မောင်းခံလိုက်ရသလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ပါပဲ။

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now