𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 8 _ 𝑈 & 𝑍

1.5K 64 12
                                    

နောက်နေ့ နေ့လည်ပိုင်းမှာ မောင့်ထက်အစောနိုးတဲ့ အသက်က ရေအရင်ချိူးပြီးထွက်လာတော့ အိပ်ပျော်နေဆဲမောင့်ကို တစ်ချက်ငေးကြည့်မိတယ်။အင်္ကျီမကပ်တဲ့ မောင့်ရင်ဘက်ဖြူဖြူလေးက အသက်ရဲ့မျက်လုံးထဲမှာ ဝင်းကနဲ လက်ကနဲ။ဒါပေမဲ့ လက်ချောင်းသွယ်သွယ်တွေက ရင်ဘက်ပေါ်တစ်စွန်းတစ်စ အုပ်ကာထားပြန်တော့ အသက်စိတ်ထဲအဆင်ပြေမနေပါဘူး။မောင်ဟာ ကပ်စေးနှဲလိုက်တာ။

ရေသုတ်လက်စ တံဘက်ကိုအပေါ်ပိုင်းမှာ အသာအယာခြုံလိုက်တဲ့အသက်က မောင့်အနီးနားဆီကို ဘယ်လိုရောက်သွားမှန်းမသိ။ကိုယ့်ဘာကို သတိထားမိတော့မှ ရှက်ပြုံးလေးနဲ့အသက်ဟာ မောင့်ဘေးမှာဝင်ထိုင်လိုက်ပြီး မောင့်ကိုကျီစယ်တယ်။အသက်ရဲ့ ရေချိူးပြီးကာစ အေးစက်စက်လက်ကလေးရဲ့ အထိအတွေ့လေးကတင် မောင့်ကိုအိပ်ယာနိုးစေပါတယ်။

" ဟွန့် ..လူဆိုးကောင်..နိုးနေရက်နဲ့ "

မျက်လုံးတွေမှိတ်ထားတဲ့မောင်ဟာ အသက်ရဲ့လက်ကောက်ဝတ်လေးကို ဆက်ကနဲဖမ်းဆုပ်လေတော့ လန့်သွားတဲ့အသက်က မောင့်ကိုပစ်ထိုးတယ်။မျက်စောင်းနဲ့။အသက်ရဲ့မျက်စောင်းလေးကို ကျေနပ်စွာခံယူတဲ့ မောင်ဟာသူဖမ်းဆုပ်ထားတဲ့ လက်ကောက်ဝတ်လေးကို နုတ်ခမ်းနဲ့ဖိကပ်နမ်းတော့ အသက်ကပြုံးယောင်လေးသမ်းတယ်။မောင့်မြတ်နိုးမှုက အသက်ရင်ကို ထိစေတယ်ထင်ပါရဲ့။အသက်ကလေးက မောင့်မျက်ဝန်းတွေဆီကို မေ့မေ့လျော့လျော့နဲ့ငေးလို့။

" အသက် "

" ..... "

မောင့်ကို ပစ်စလက်ခက်ငေးနေတဲ့အသက်က မောင် ခေါ်တာကို မကြားပါဘူး။မောင့်အပြုအမူတွေက အသက်ကလေးကို ဒီလောက်ထိ ညို့ယူစေမှန်းမောင်အခုမှ သိတယ်။မောင်က အသက်ရဲ့လက်ကလေးကိုဆောင့်ဆွဲကာ မောင့်ရင်ဘက်နားထိ ဆွဲကပ်လိုက်တော့မှ အတင်းထ ရုန်းတဲ့အသက်က မောင့်အချစ်ပိုက်ကွန်မှာ မိသွားတဲ့ယုန်သူငယ်လေး။အ​သက် ကရုန်းလေ ကန်လေ မောင်က ချည်လေ တုပ်လေ ပေါ့။ဒါကို အကင်းမပါးဘဲ ဇွတ်ရုန်းနေပါသော အသက်က မောင့်ရင်ခွင်ကျယ်ကြီးထဲ ထွက်မရအောင်နစ်တော့တာပဲ။မောင် ပြောသားပဲ။အသက် လှုပ်ရင် ပိုချူပ် မိမှာပါလို့။

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now