မောင်...
ချစ်ပါကြောင်းတွေ တဖွဖွပြောတတ်သော မောင်...
မနုယွပါဘဲ အယုအယ တွေနဲ့တင် အသည်းစိုင်ကို ခြွေနိုင်ပါတဲ့ မောင်ဆိုသော မောင်...
မောင် ဟု ထပ်တလဲလဲ သုံးနှုန်းနေတတ်ပါသော မောင်သည် အသက်ကလေးအား စိတ်ဆိုးနေပါ၏။
အချစ်တွေကို စိတ်လိုလက်ရ ထုတ်ဖော်ချစ်ပြတတ်သောမောင်ဟာ တစ်ကြိမ်တစ်ခါလေး သူ့အလှည့်မကျတာကို စိတ်တွေကောက်နေလေတော့ ခက်လှချည်ရဲ့။တစ်ချိန်လုံးတည်တံ့နေသည့် မောင့်မျက်နှာချောချောအား ခိုးခိုးကြည့်ရင်း အသက်ကလေးက တစ်နေ့တာကို ကုန်ဆုံးတယ်။ညနေဘက် ကျောင်းဆင်းချိန်အထိ မောင်ဟာစိတ်ကောက်လို့ကောင်းတုန်း။တစ်နေကုန်ကြီး အသက်ကို ပစ်ထားနိုင်တာမို့ မောင်ဟာ မောင်မှဟုတ်ပါရဲ့လား။
" မောင် "
အသက်က ခေါ်တော့ မျက်လုံးလေးစွေကြည့်တဲ့မောင်က ဘာမှပြန်မပြောပါဘူး။ဒါပေမဲ့ အသက်ကတော့ မောင့်လက်မောင်းကိုတွဲခိုပြီး လုပ်နေကျပုံစံလေးအတိုင်း မောင့်ကိုမော့ကြည့်တယ်။တင်းတင်းစေ့ထားသော မောင့်နုတ်ခမ်းထူထူလေးအား နမ်းပစ်ချင်စိတ်ကို ထိန်းမရတဲ့အသက်က ဖက်ထားရာမှခွာပြီး မောင့်လည်တိုင်ကိုဖက်တွယ်ကာ နမ်းတယ်။အသာလေးငြိမ်ခံနေတဲ့မောင်က ပြန်လည်းမနမ်းသလို ငြင်းလည်းမငြင်းပါဘူး။မောင်ဆိုတဲ့ကောင်က နေနိုင်လိုက်တာ။
" ဘာလို့ အရမ်းနေနိုင်ရတာလဲ မောင်ရာ။ကျွန်တော် မနေတတ်တော့ဘူး "
" နေနိုင်ရင် မင်းကို ပစ်ထားခဲ့တာကြာပြီ "
" မောင် အဲ့လိုမပြောနဲ့။အခုလည်း ပစ်မသွားရုံကလွဲလို့ မောင် ကျွန်တော့်ကို ပစ်ထားတာပဲလေ "
" အင်း ပြန်ရအောင် "
" ခဏလေး မောင် "
" ဘာ ပြောဦးမလို့လဲ "
ကားထဲဝင်ဖို့လုပ်နေတဲ့မောင့်ကို အသက်ကလှမ်းဆွဲရင်းတားတော့ စိတ်မကြည်တဲ့ပုံစံနဲ့ မောင့်လေသံအေးစက်စက်က နှလုံးသားထဲထိရိုက်ခက်တယ်။အခုလောက်ထိ စိတ်ဆိုးစရာကိစ္စလည်းမဟုတ်ပါဘဲနဲ့ တင်းပြနေတဲ့မောင့်ကို စိတ်တွေမရှည်ချင်တော့ဘူး။အသက်ကချော့နေတော့ မောင်ဆိုတဲ့ကောင်က ပိုဆိုးနေသလားမသိ။ပျော့လာတယ်လို့ကို မရှိဘူး။အကျင့်မကောင်းတဲ့ မောင်။
YOU ARE READING
𝑩𝒓𝒆𝒂𝒌 𝑼𝒑 [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]
Fanfictionမောင် က ခေါ် မယ် " အ သက် " လို့ 🅆🄰🄽🄶 ♡ _____________ မောင် ဆိုတာ ကျွန် ေတာ့် ရဲ့ " တစ် ဦး တည်း သော " လေး 🅇🄸🄰🄾 ♡ bjyx