𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 3 _ 𝑈 & 𝑍

2K 76 9
                                    

      အနှောက်အယှက်တွေနဲ့ဝေးရာ ကန်ရေပြင်နံဘေး ခုံတန်းလေးရောက်မှ သက်ပြင်းချနိုင်တဲ့ဝမ်ရိပေါ်။ဆံပင်တွေကို လက်နဲ့ထိုးဖွပစ်ရင်း လေပူတွေကိုမှုတ်ထုတ်လေရဲ့။မျက်မှန်လေးကို အသာချွတ်ကာလက်မှာကိုင်ထားရင်း မျက်ခုံးကြောတွေဆီ ဖိနှိပ်နေပါသောဝမ်ရိပေါ်ဟာ တော်တော်လေးစိတ်ရှုပ်နေသည့်နှယ်။

      " ဘယ်လိုလည်း စောကြည်ဘဲကြီးရဲ့..စော်တွေကြည်တာများလို့ စိတ်ပျက်နေပြီလား "

      " မနောက်ပါနဲ့ "

      " ဟားးဟားး.. "

      ကယ်တင်သူလေးကတော့ သူ့အဖြစ်ကိုကြည့်လျက် လှောင်ကာရယ်ကာဖြင့်။ဘေးကြပ်နံကြပ်ဖြစ်နေတုန်း ရအောင်ကယ်ထုတ်လာပေးတာမို့ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့အရေး တဟားဟားနဲ့ရယ်သွမ်းသွေးနေတော့ ဘာလုပ်ရတော့မလည်း။သူပြန်တွယ်ပေးထားတဲ့ ရှပ်ကြယ်သီးတွေကိုလည်း ဘယ်အချိန်ကတည်းက ပြန်ဖြုတ်လိုက်တယ်မသိဘူး။ဖြူဖွေးနေတဲ့ ရင်ဘက်လေးက ထင်းလျက်။သမာဓိတွေ အားလျော့စ ပြုပြီ ရှောင်းကျန့်ရာ။

      " ကျေးဇူးတင်ပါတယ် ရှောင်းကျန့် "

      " မလိုဘူး မလိုဘူး။အထူးသဖြင့် ခင်ဗျားလိုလူဆီကဆို ပိုတောင်မလိုချင်ဘူး "

      " ဒီလိုလုပ်လိုက်တာ မင်းရဲ့သိက္ခာနဲ့ကိုယ်ကျင့်တရား အတွက်နစ်နာတယ်ဆိုတာ ထည့်တွေးမိရဲ့လား "

      ပေါ့ပေါ့ပါးပါးလေး ပြောနေသူအား ဝမ်ရိပေါ်စိတ်ပူမိသည်။ဒီကိစ္စဟာ တော်ရုံမဟုတ်ဘဲ ယောင်္ကျားချင်းချစ်ကြိုက်တယ်ဆိုသည့် လူအထင်သေးစရာ သတင်းဆိုးထွက်မည်မဟုတ်ပါလား။သူအနေနဲ့ ဒါကိုလက်မခံနိုင်၊မကြိုက်လို့မဟုတ်ပေမဲ့ ရှောင်းကျန့်အတွက်ကြည့်နေခြင်းသာ။

      " ဘာကိုထည့်တွေးရမှာလည်း။ဒါက တကယ်မှမဟုတ်တာ။ဟန်ဆောင်ထားတာ သက်သက်ပဲလေ "

      " မင်း!  "

      " ဘာလဲ..ခင်ဗျား က အမျိူးကောင်းသားလေးဆိုတော့ ကျွန်တော့်လိုလူနဲ့ သတင်းတွေထွက်မှာကို စိတ်ပူနေတာလား "

      " မဟုတ်ဖူး။ကိုယ့်အတွက်က ပြဿနာမရှိဘူး။မင်းကို စိတ်ပူတာ။သူများတွေ မင်းကို ဝိုင်းကဲ့ရဲ့.."

𝑩𝒓𝒆𝒂𝒌 𝑼𝒑     [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now