04

2.2K 247 60
                                    

" ပီ "

Barကောင်တာထောင့်၌ ဆေးလိပ်သောက်နေသူထံသို့ ခီစံကစိတ်အလိုမကျစွာဖြင့် ဦးတည်သွားလိုက်သည်။သူ့ဂီတအတန်းချိန်နီးနေတာတောင် Barတွင်အလေလိုက်နေသောထိုကောင်လေးအား ခီစံစကားများများစားစားမပြောချင်တော့ပေ။ဒါတောင် ပီဆမ်(မ်)တို့အိမ်တွင်အလုပ်လုပ်နေသော ခီစံရဲ့ဦးလေးမှအကြောင်းကြားလာတာမို့ ယခုလို၀င်ရောက်ခေါ်ဆိုနေရခြင်းဖြစ်သည်။အသက်ပင်မပြည့်သေးသော ကလေးတစ်ယောက်ကယခုလောက်ထိပျက်စီးဆိုးသွမ်းနေမည်ဟု ခီစံမမျှော်လင့်ခဲ့တာအမှန်။ဘေးတွင်လည်း ပီဆမ်(မ်)ထက်အတန်းကြီးလောက်တဲ့လူငယ်တွေက အလိုတူအလိုပါအရက်သောက်ကာပျော်ပါးနေတာမို့ တကယ်ကိုပင်အံ့သြတုန်လှုပ်သွားရ၏။

" ပီ "

နှုတ်ခမ်းနားသို့ရောက်လုနီးပါးဖြစ်နေသည့် ဆေးလိပ်ကိုဆွဲယူလိုက်တာမို့ ပီဆမ်(မ်)ကသူ့အား ဘ၀င်မကျစွာဖြင့်ပေကပ်ကပ်စောင်းကြည့်လာသည်။

" ဒီလိုနေရာက မင်းရှိနေသင့်တဲ့နေရာလား "

" ဟုတ်တယ် "

အမြင်ကပ်စရာကောင်းလောက်အောင် သူ့မျက်လုံးအားစူးစိုက်ကြည့်ကာ တစ်လုံးချင်းစီပြောလာတာမို့ခီစံက ဒေါသစိတ်ကိုမြိုသိပ်ရင်းအံကြိတ်မိလိုက်၏။သူသာ ယခုနေလျစ်လျူရှုပြီးထိုကောင်လေးအားထားခဲ့ပါလျှင် ပီဆမ်(မ်)ကပို၍အထိန်းအကွပ်မဲ့သွားတော့မှာဖြစ်သည်။

" နာရီကိုကြည့်လိုက်ဦး ငါ့ဂီတချိန်နီးနေပြီ မင်းအခုငါနဲ့ပြန်လိုက်ခဲ့ "

" မလိုက်ဘူး ကျွန်တော်ဒီနေ့ခင်ဗျားအတန်းကိုတစ်ရက်ခွင့်ယူမယ် "

" ဘယ်သူ့သဘောနဲ့လဲ "

" ဘယ်သူ့သဘောမှယူစရာမလိုဘူး အရာရာကျွန်တော့်သဘော "

" မင်းဆိုးသွမ်းလှချည်လား "

" ဆိုးသွမ်းတော့ဘာဖြစ်လဲ ကျွန်တော့်မိဘတောင်ဘာမှမပြောပဲလွှတ်ထားတာ ခင်ဗျားကဘာတွေဇယားလာရှုပ်နေလဲ "

ပီဆမ်(မ်)ကအရွဲ့တိုက်သည့်ပုံစံဖြင့် နောက်ထပ်စီးကရက်တစ်လိပ်အားထုတ်ယူကာ မီးညှိဖို့ကြံရွယ်နေတာမို့ ခီစံကထိုဆေးလိပ်အသစ်ကိုပါ ဆွဲလုလိုက်၏။

PaShay PeSamWhere stories live. Discover now