06

2.2K 215 41
                                    

" ရူးနေတာလားပီဆမ်(မ်) ငါကဘာလို့အဲ့ကောင်လေးအိမ်မှာ စာသွားလုပ်ရမှာလဲ "

၀ီဆမ်(မ်)က ဖုန်ပေနေသည့်သူ့ကတ္တီပါဖိနပ်ကို တစ်ရှုးဖြင့်ငုံ့သုတ်ရင်း လမ်းဆက်လျှောက်လာ၏။ညီအစ်ကိုချင်းမို့ ချစ်ခြင်းမေတ္တာကိုပေါ်ပေါ်ထင်ထင်မထုတ်ပြသော်လည်း ၀ီဆမ်(မ်)ကသူ့ညီကိုတော့ အမြဲအလိုလိုက်တာဖြစ်သည်။ယခုလည်း တစ်နာရီသာဆင်းသည့်ထမင်းစားချိန်၌ ဘာမှမသက်ဆိုင်သည့်ခီစံတို့ကျောင်းဘက်သို့ လျှင်မြန်စွာကျူးကျော်လာရခြင်းဖြစ်သည်။အကြောင်းက ခီစံနှင့်အတူထမင်းစားချင်သည်ဆိုသော ပီဆမ်(မ်)ကြောင့်သာလျှင်ဖြစ်၏။

" ငါပြောတဲ့အတိုင်းပဲလုပ်ပေးလို့မရဘူးလားကွာ "

" အကြောင်းပြချက်ပေးလေ ငါကဘာကိစ္စကြောင့်ခီစံရဲ့အိမ်မှာ စာအတူသွားလုပ်ရမှာလဲ "

" ဒီအတိုင်းတစ်ရက်တစ်လေလောက်လေး စာအတူလုပ်တာပဲလေကွာ နောက်ပြီးမင်းနဲ့သူနဲ့က အတန်းအတူတူပဲလေ တစ်ခါလောက်စာအတူစုကျက်တော့မကောင်းဘူးလား "

" မင်းအကြံကိုငါမသိရင်ခက်မယ်နော်ဟေ့ကောင် ငါ့ကိုခီစံအိမ်မှာစာသွားလုပ်ခိုင်းပြီး မင်းပါအတူလိုက်ချင်လို့မလား "

" ငါကဒီအတိုင်း အကြံပေးတာလေကွာ "

" မင်း ခီစံကိုစိတ်၀င်စားနေတာလား "

" ဘာ! အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့။ငါက သူငယ်ချင်းအသစ်တစ်ယောက်ထပ်တိုးချင်ရုံသပ်သပ်ပဲ "

ပီဆမ်(မ်)က စူပုတ်ပုတ်ဖြင့်မျက်နှာလွှဲသွားတာမို့ ၀ီဆမ်(မ်)ကအထာနပ်နေသည့်ပုံစံဖြင့် ခပ်ရွဲ့ရွဲ့ပြုံးရယ်လိုက်၏။

" ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ခီစံရဲ့အိမ်မှာ စာသွားမလုပ်နိုင်ဘူး။သူများနဲ့စာအတူလုပ်ရတာလည်း ၀ါသနာမပါဘူး "

" တစ်သောင်းပေးမယ်ကွာ "

" ဖင်ထောင်ပြီးဆုတောင်းလိုက် "

" ဒါဆိုနှစ်သောင်းပေးမယ်ကွာ "

" ငါ့စာလုပ်ချိန်တွေ ဖဲ့မပေးနိုင်ဘူး "

" သုံးသောင်း "

" သူများအိမ်မှာ အကြာကြီးထိုင်ရမှာဆိုတော့ပျင်းတယ် "

PaShay PeSamWhere stories live. Discover now