" ၀ီဆမ်(မ်) "
နံနက်ခုနှစ်နာရီသာရှိသေးသော်လည်း ပီဆမ်(မ်)က တက်ကြွစွာဖြင့် သူ့အစ်ကိုဘေးသို့၀င်လှဲကာ စောင်ပုံထဲအတင်းတိုး၀င်၏။ယခင်နေ့တွေနှင့်ယှဥ်လျှင် ယခုနေ့ကသူ့စိတ်တွေကိုအလုံးစုံပျော်ရွှင်စေတာဖြစ်သည်။
" ထတော့လေကွာ ဒီနေ့ခီစံအိမ်ကိုသွားရမယ့်နေ့ "
" အစောကြီးရှိသေးတယ်လေ ငါအိပ်အုံးမှာ "
" မအိပ်နဲ့ ထ "
" ငါဆောင့်ကန်မှာနော် ပါဆီ "
" အံမယ် ၀ါဆီကပိုက်ဆံခုနှစ်သောင်းရထားတာတောင် လေသံကမပြောင်းဘူး "
" ပေးတဲ့ပိုက်ဆံနဲ့တောင်တန်လို့လား ငါ့မျက်နှာကဟိုကောင်လေးရှေ့မှာ ရစရာတောင်မရှိတော့ဘူး မသိရင်ငါကသူ့ကိုကြိုက်နေတယ်ထင်အုံးမယ် "
" မသိဘူးကွာ ငါ့ပိုက်ဆံယူထားရင်ငါပြောတဲ့အတိုင်းလုပ်ပေးရမှာပဲ။ အခုထပြီးရေချိုးတော့ ပြီးရင်ခီစံဆီသွားမယ် "
" အချိုးတွေက သိပ်ကိုပြောင်းနေတာနော် မင်းအကြောင်းငါမသိရင်ခက်မယ် "
၀ီဆမ်(မ်)က စိတ်မကြည်မလင်ဖြင့်ကုန်းထရင်း ပီဆမ်(မ်)ရဲ့မျက်နှာကို ခေါင်းအုံးဖြင့်ထုရိုက်၏။ကျကျနန၀တ်ဆင်ထားသည့်၀တ်စုံနှင့် သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည့်ပီဆမ်(မ်)ရဲ့မျက်နှာသွင်ပြင်ကြောင့် ၀ီဆမ်(မ်)ကစိတ်ပျက်နေသည့်မျက်နှာထားဖြင့် ထိုနေရာမှရှောင်ထွက်ကာ ရေချိုးဖို့ပြင်ရတော့သည်။မဟုတ်ရင် အိပ်ယာမထမချင်းအမျိုးမျိုးနှောင့်ယှက်နေအုံးမည့် ပီဆမ်(မ်)ကြောင့်သာလျှင်ဖြစ်၏။
~~~~~
" အစောကြီးရောက်လာကြတာလား "
ခီစံက အံ့သြနေသည့်ပုံစံဖြင့် ပီဆမ်(မ်)တို့ညီအစ်ကိုနှစ်ယောက်အား ထွက်ကြိုသည်။အပေါင်းအသင်းများများစားစားမရှိသည့် သူ့လိုလူတစ်ယောက်အတွက် ထိုညီအစ်ကိုနှစ်ယောက်က မိတ်ဆွေတွေပင်ဖြစ်လာလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။သို့ပေမယ့် ထိုကောင်လေးနှစ်ယောက်အား သံယောဇဥ်အများကြီးမထားချင်တာအမှန်။အချိန်တန်ရင် ခီစံကဤမြို့နယ်မှ ပြောင်းရွှေ့ရမှာကြောင့်ပင်။