11

1.8K 181 44
                                    

" ပီ "

အပြေးအလွှားအိမ်ထဲပြေး၀င်လာသည့် အသံကစိတ်လှုပ်ရှားနေဟန်အပြည့်။ခြံပြင်မှာကိုသော်ဇင်နဲ့စကားပြောပြီးနောက်ပိုင်း သိသိသာသာအပြုံးရေးထင်ဟပ်သွားသည့် ကိုကို့ရဲ့မျက်၀န်းတွေက မနာလိုချင်စရာကောင်းသည်လေ။ကိုယ်တိုင်က ကိုကို့ရဲ့စိတ်နှလုံးကိုရာခိုင်နှုန်းမည်မျှလောက်များ ပျော်ရွှင်အောင်လုပ်နိုင်ခဲ့သလဲဟု ပြန်လည်တွေးတောမိတော့ ရေရာခြင်းမရှိသည့်သက်ပြင်းချသံသာ လွင့်ပြယ်သွားရသည်။ငယ်စဥ်တည်းက ကိုကို့အပေါ်စိတ်ထင်တိုင်း ဆိုးခဲ့မိတာမဟုတ်လား။

" ပီ ငါ့လက်တွေကိုကိုင်ကြည့်ပါအုံး အေးစက်နေတာတွေ့လား "

ရေခဲတုံးပမာအေးစက်နေသည့်လက်နှစ်ဖက်က သူ့လက်တွေကိုအပေါ်မှအုပ်မိုးကာ ဆုပ်ကိုင်လာတာမို့ ပီဆမ်(မ်)ကငြိမ်သက်စွာဖြင့် ခီစံရဲ့မျက်နှာပေါ်ပြေးလွှားနေသည့် စိတ်လှုပ်ရှားခြင်းအရိပ်အယောင်တွေကို မှင်သက်စွာအကဲခတ်သည်။

" ပြောပါဦး ခင်ဗျားဘာလို့အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲ "

ပီဆမ်(မ်)က ခီစံရဲ့ပခုံးနှစ်ဖက်ကိုပြန်လည်ဆုပ်ကိုင်ကာ အနားရှိထိုင်ခုံပေါ်တွင်ထိုင်စေ၏။ကိုကိုက သူ့မျက်နှာကို၀မ်းသာခြင်းပုံရိပ်တို့ဖြင့် ပြန်လည်မော့ကြည့်နေတာဖြစ်သော်လည်း ထိုပျော်ရွှင်ခြင်းကသူ့ထံမှ အစပြုခဲ့တာမဟုတ်တာမို့ အနည်းငယ်တော့နာကျင်စရာကောင်းသည်။

" ငါလေ.....နောက်အပတ်ထဲမှာ မက်ဒန်မြို့ရဲ့အကြီးဆုံးဖြစ်တဲ့ Ocean Music Hallမှာ ဖျော်ဖြေခွင့်ရတော့မှာသိလား။လူပေါင်းများစွာစောင့်ကြည့်နေမယ့် စင်မြင့်ပေါ်မှာဖျော်ဖြေခွင့်ရဖို့က ငါ့အိမ်မက်ပဲ "

ကလေးတစ်ယောက်သဖွယ်ပြုံးရယ်ပြီးပြောဆိုလာပုံကြောင့် ပီဆမ်(မ်)ကခေါင်းအသာညိတ်ကာအတူလိုက်ပြုံးမိ၏။

" ဟုတ်လား ကျွန်တော်ခင်ဗျားအတွက်အရမ်းဂုဏ်ယူတာပဲ "

" မင်းသိလား ဒီပွဲမှာငါသာအကောင်းဆုံးလုပ်နိုင်ခဲ့ရင် ငါ၀ါသနာပါတဲ့လမ်းကြောင်းပေါ်ကိုပဲ တစ်စိုက်မတ်မတ်လုပ်တော့မှာ။ပစ္စည်းပို့တဲ့အလုပ်တွေလည်း မလုပ်တော့ဘူး "

PaShay PeSamWhere stories live. Discover now