02

3.4K 306 49
                                    

" ငါကတော့ အစ်ကိုလေးခီစံကိုတစ်ခါတစ်လေကျရင်သိပ်သနားတာပဲ သူ့အဖြစ်ကဘယ်ကိုပြေးပြေး ငါတို့အိမ်တော်ကအငယ်ဆုံးလေးလက်ထဲကနေ မလွတ်နိုင်ဘူးဖြစ်နေတာ "

" ငါသာဆိုပြေးမနေတော့ဘူး တစ်ခါတည်းလက်ထပ်ပြီးကလေးအယောက်တစ်ရာလောက်မွေးပစ်လိုက်မှာ "

" ငါကတော့ အစ်ကိုလေးထက်ကိုကိုကြီး၀ီဆမ်(မ်)နဲ့သာ နှစ်ပါးသွားလိုက်ချင်တာ ဟီး "

" ဟဲ့ စိတ်ကူးယဥ်မနေနဲ့တော့ ဟိုမှာအစ်ကိုလေးပီဆမ်(မ်)အပေါ်တက်သွားပြီ "

အရင်နေ့တွေထက် ရွှင်လန်းစွာဖြစ်နေသည့်ပီဆမ်(မ်)ရဲ့မျက်နှာကြောင့် အိမ်တော်မှမိန်းမပျိုလေးတွေကမသိမသာအကဲခတ်ကာ မျက်နှာလွှဲလိုက်ကြသည်။ပီဆမ်(မ်)ကတော့ ခီစံရဲ့အခန်းရှေ့တွင်ကျောက်ရုပ်ပမာရပ်ရင်း အခန်းတံခါးကိုခေါက်သင့်မခေါက်သင့် တွေ၀ေနေတာဖြစ်၏။အရာရာကိုတောင်းခံချက်မရှိပဲ စိတ်ထင်တိုင်းလုပ်တတ်ပေမယ့် ခီစံနှင့်ပတ်သတ်လျှင်တော့ သူဟာအမိန့်နာခံတတ်သည့်ခွေးပေါက်လေးပမာပင်။အကြီးမားဆုံးအမှားဟူ၍ မတရားသည့်ကတိစကားတစ်ခုဖြင့်အကြောင်းပြကာ အတင်းအကြပ်လက်ထပ်ယူထားခြင်းသာလျှင်ဖြစ်သည်။

ဒေါက် ဒေါက်

" ၀င်ခဲ့လေ "

တံခါးခေါက်သံအဆုံး၌ထွက်ပေါ်လာသည့် ခွင့်ပြုချက်ကြောင့် ပီဆမ်(မ်)ကခပ်ရေးရေးပြုံးကာ အခန်းထဲသို့ဦးတည်သွား၏။သို့ပေမယ့် အခန်းထဲသို့ရောက်သည်နှင့် သူ့အပြုံးတွေက လေဟာနယ်အတွင်းကွယ်ပျောက်သွားသည့် နှင်းမှုန်လေးပမာပျောက်ဆုံးသွားတော့သည်။တရားခံက အပေါ်ပိုင်းအင်္ကျီကင်းမဲ့စွာဖြင့်ရေချိုးခန်းထဲမှ ထွက်လာသည့်ခီစံကြောင့်ဖြစ်သည်။လက်ထပ်ပြီးတာတောင်မှ ထိုအမျိုးသားအပေါ် လက်ဖျားနှင့်ပင်ကြမ်းကြမ်းတမ်းတမ်းမထိခဲ့ဖူးတာမို့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အမည်ခံလက်ထပ်ခြင်းဟုခေါင်းစဥ်သတ်မှတ်ရင်တောင် ငြင်းဖွယ်ရာမရှိပေ။

" မင်းနိုးတာကြာပြီလားပီဆမ်(မ်) ငါအိပ်ယာထနည်းနည်းနောက်ကျသွားလို့ "

" မကြာသေးပါဘူး ကျွန်တော်ခင်ဗျားကိုမနက်စာစားဖို့လာခေါ်တာ "

PaShay PeSamWhere stories live. Discover now