08

1.9K 200 20
                                    

ကာလရှည်ကြာသည့်အချိန်ကာလကို စိတ်ရှည်စွာဖြတ်သန်းခဲ့ပြီးနောက် တက္ကသိုလ်၀င်စာမေးပွဲသို့ရောက်ရှိလာလေပြီဖြစ်သည်။ကိုးတန်းကျောင်းသားဖြစ်သည့် ပီဆမ်(မ်)အတွက်က စာမေးပွဲတွေနှင့်ကင်းလွတ်သွားပြီမို့ အနားရနေသော်လည်း ဆယ်တန်းကျောင်းသားဖြစ်သည့် ၀ီဆမ်(မ်)အတွက် အပိုအနားယူချိန်ပင်မရှိသော ကာလဖြစ်၏။

အစစရာရာပြည့်စုံတဲ့သားသမီးမို့ နေ့တိုင်းလိုလိုက ၀ီဆမ်(မ်)အတွက်အာဟာရတိုးစေသောအစားအစာများနှင့် ဘေးနားတွင်လိိုလေသေးမရှိအောင် ဖြည့်ဆည့်ပေးနေသောအိမ်တော်ထိန်းများလည်းရှိတာကြောင့် ၀ီဆမ်(မ်)ကကျောင်းစာကိုသာ အေးအေးချမ်းချမ်းကျက်မှတ်ရုံပင်ဖြစ်သည်။သို့ပေမယ့် တစ်ယောက်တည်းအားကိုးကာ ဖြစ်သလိုစားသောက်နေရမည့်ခီစံရဲ့ဘ၀ကို တွေးမိလိုက်တိုင်း ပီဆမ်(မ်)က သက်ပြင်းအကြိမ်ကြိမ်ချကာ စိတ်မပျော်တော့ပေ။

နှစ်၀က်စာမေးပွဲပြီးဆုံးတည်းက ခီစံက,တယောသင်တန်းကို ခဏအနားယူထားတာမို့ ထိုအစ်ကိုနှင့်မတွေ့ရတာလည်းအတော်ကြာပြီဖြစ်သည်။သည်အချိန်က ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် အလွန်အရေးကြီးသောအချိန်ကာလဟုသိထားသော်လည်း တစ်ခါလောက်တော့မျက်နှာလေးမြင်ချင်မိတာပင်။

>>>>>>>>>

" တကယ်ပဲဆုံးဖြတ်ချက်ချလိုက်ပြီလား မောင်ထွန်းရယ်။မင်းတူလေးရဲ့ ရှေ့ရေးကိုရော နယ်မှာပဲအခြေချတော့မှာလား "

" ဟုတ်ကဲ့မမကြီး ကျွန်တော်ရဲ့ကျန်းမာရေးကလည်းသိပ်မကောင်းတော့ အစ်ကိုကြီးခေါင်းချသွားတဲ့နယ်မှာပဲ အနားပြန်ယူချင်လို့ပါ။နောက်ပြီး အဲ့ဒီမှာကျွန်တော့်အစ်ကိုကြီးရဲ့အိမ်ပိုင်လေးလည်းရှိတာဆိုတော့ ကျွန်တော့်တူလေးအတွက်လည်း အိမ်တစ်လုံးစုမိဆောင်းမိတာပေါ့။ခီစံတက်ချင်တဲ့ တက္ကသိုလ်ကလည်းကျွန်တော်တို့နယ်မှာရှိတာဆိုတော့ အဲ့ဒီမှာပဲအခြေချဖို့ဆုံးဖြတ်လိုက်တာပါ မမကြီး "

ခပ်သဲ့သဲ့ကြားနေရသော အသံတွေကြောင့် ပီဆမ်(မ်)ကထမင်းစားခန်းထဲမှ နားစိုက်ကာထောင်နေ၏။ကြားရသလောက်တော့ ဦးလေးထွန်းက အလုပ်ထွက်ခွင့်တောင်းနေတာဖြစ်ပြီး ခီစံရဲ့စာမေးပွဲပြီးသည်နှင့် နယ်သို့ပြောင်းရွှေ့နေထိုင်တော့မည့်အကြောင်းပင်ဖြစ်သည်။နှစ်၀က်စာမေးပွဲပြီးတည်းက မမြင်ရတော့သည့်အစ်ကိုက ယခုလည်းသူနဲ့အ၀ေးဆုံးကို ထွက်သွားဟန်ပြင်နေပြီဖြစ်တာကြောင့် ပီဆမ်(မ်)က ထမင်းပန်းကန်ထဲမှကြက်သားတုံးကိုပင် ခရင်းဖြင့်စိတ်ရှိတိုင်း ထိုးဆွလိုက်တော့သည်။

PaShay PeSamWhere stories live. Discover now