09

1.7K 179 20
                                    

" Boss....ပါရှေးဒီကိုလိုက်လာပြီ "

ကလပ်အခန်းထဲသို့ အပြေးအလွှား၀င်ရောက်ကာ သတင်းလာပေးသည့်တပည့်ဖြစ်သူကြောင့် စက်၀ဏ္ဏမာန်က ဆိုဖာလက်ရန်းပေါ်လက်တစ်ဖက်ထောက်ကာ အခန်းတံခါးကိုစူးစိုက်ကြည့်လိုက်၏။ထို့နောက် သူ့နှုတ်မှနံပါတ်စဥ်တွေကို ခပ်တိုးတိုးရေရွတ်လိုက်သည်။

" 1 2 3.... 4 5 "

၀ုန်း!!

မြန်ဆန်စွာ တွန်းဖွင့်လာသောတံခါးသံအဆုံး၌ စက်၀ဏ္ဏကတည်ငြိမ်စွာဖြင့် တစ်ဖက်ကောင်အား မျက်လုံးလှန်ကြည့်လိုက်၏။

" ဘာကိစ္စလဲပါရှေး "

၀ဏ္ဏ၏အမေးကို ထုံပေပြီးပြန်မဖြေသည့် ပီဆမ်(မ်)က ထိုနေရာတွင်ပင်ခပ်တန်းတန်းရပ်ကာ ၀ဏ္ဏဘေးမှသူ့တပည့်တွေကို တစ်ယောက်ချင်းစီအကဲခတ်ရင်း နံရံထောင့်တွင်ရပ်နေသည့် လူပုဂ္ဂိုလ်ထံသို့ဦးတည်သွား၏။

ခွပ်!

အားပြင်းစွာတိုက်ခိုက်လာသော လက်သီးကြောင့်တစ်ဖက်လူမှာ နေရာတွင်ပင်ပုံကျသွား၏။ထို့နောက် ပီဆမ်(မ်)ကတစ်ဖက်လူရဲ့ဆံပင်ကိုဆုပ်ကိုင်ရင်း မျက်နှာကိုဆွဲမော့ကာ သွေးအေးစွာဖြင့်စူးစိုက်ကြည့်လိုက်သည်။

" ဘာစောက်ကျေးဇူးရှိလို့ မင်းလိုကောင်ကငါ့အစ်ကိုရဲ့ကားကို၀င်တိုက်ရဲတာလဲ "

ပီဆမ်(မ်)ကစကားဆုံးသည်နှင့် ထိုလူအားလှဲချကာ သူ့အားဖြင့်ဆောင့်ကန်၏။၀ဏ္ဏကတော့ ဆိုဖာတွင်ပင်ငြိမ်သက်စွာထိုင်ရင်း အကဲခတ်နေတာဖြစ်သည်။စိတ်တိုရင် သွေးဆိုးသည့်ပီဆမ်(မ်)အား ၀င်ရောက်တာဆီးရဲတဲ့သူမရှိသေးသလို ဖြန်ဖြေပေးမည့်သူလည်းမရှိပေ။

" ပါရှေး! "

၀ဏ္ဏက အသံကိုခပ်တင်းတင်းထားကာ လှမ်းခေါ်လိုက်တော့ ပီဆမ်(မ်)ကပေကပ်ကပ်ပြန်ကြည့်ရင်း ၀ဏ္ဏထံသို့ဦးတည်လာ၏။၀ဏ္ဏနှင့် ပီဆမ်(မ်)ကတက္ကသိုလ်အတူတက်ခဲ့ကြသည့် အတန်းဖော်တွေဖြစ်သော်လည်း သွေးရောလို့မရသည့်ရန်သူနှစ်ယောက်ဖြစ်သည်။ထို့အပြင် လုပ်ငန်းပြိုင်ဘက်တွေလည်းဖြစ်တာကြောင့် သူ့စည်းကိုယ့်စည်းဟူ၍ သတ်မှတ်ထားတာဖြစ်၏။ထိုစည်းကိုအနည်းငယ်ကျော်လိုက်သည်နှင့် ချိန်ကိုက်ဗုံးတစ်ခုလိုအရှိန်ပြင်းစွာ ပေါက်ထွက်သွားတော့မှာပင်။

PaShay PeSamWhere stories live. Discover now