17

1.5K 165 26
                                    

မက်ဒန်၏ အအေးဓာတ်လွန်ကဲသောနေ့တွင်ဖြစ်၏။စက်၀ဏ္ဏက အေးစက်နေသည့်သူ့လက်ချောင်းတွေကို အချင်းချင်းပွတ်ရင်း အနက်ရောင်သားရေလက်အိတ်ကို ပုံမှန်အတိုင်းသာ၀တ်ဆင်လိုက်သည်။ယခုတလော မက်ဒန်၏အစိုးရဘက်မှ တရားမ၀င်လောင်းကစားရုံတစ်ချို့နှင့်ငွေကြေးလဲလှယ်မှုများကို ဦးလှည့်ကာစစ်ဆေးရေးပြင်းထန်နေတာကြောင့် စက်၀ဏ္ဏ၏လုပ်ငန်းတစ်ချို့က ခဏတာခြေငြိမ်နေရတာဖြစ်သည်။သို့ပေမယ့် ထိုအရာကသူတို့လောကတွင် အထူးအဆန်းတော့မဟုတ်ပါချေ။ရွေးကောက်ပွဲအဆုံးသတ်သွားသည့်နေ့၌ ယခင်လိုပုံမှန်အတိုင်းသာ ပြန်လည်,လည်ပတ်သွားတော့မှာကြောင့်ပင်။

" လူသစ်ဆိုရင် မှတ်ပုံတင်ပြမှရမယ် "

" မှတ်ပုံတင်မပါလာဘူး "

" ဒါဆိုရင်တော့ ဒီကနေလှည့်ထွက်သွားတာအကောင်းဆုံးပဲ "

လုံခြုံရေးအစောင့်နှင့် စကားအချေအတင်ဖြစ်နေသောအမျိုးသားတစ်ယောက်အား စက်၀ဏ္ဏက နံရံထောင့်ကပ်ကာဆေးလိပ်ဖွာရင်း အမှတ်မထင်လှမ်းကြည့်လိုက်၏။မထင်မှတ်ထားသည့်သူကြောင့် စက်၀ဏ္ဏကသောက်လက်စ,စီးကရက်အားနင်းချေကာ ခြောက်ကပ်ကပ်ပြုံးရယ်လိုက်သည်။လူရိုးလူအေးဟုထင်ထားခဲ့သည့် ၀ီဆမ်(မ်)က မူးယစ်ဆေးနှင့်ဆက်နွယ်နေသည့် ကလပ်အတွင်းသို့၀င်ရောက်ရန် ကြိုးပမ်းနေတာမို့ ထိုအချင်းအရာက သူ့အာရုံကိုအနည်းငယ် ဆွဲငင်နေတာဖြစ်သည်။

" ဟေး ပါရှေး "

စက်၀ဏ္ဏက ၀ီဆမ်(မ်)ရဲ့ဘေးတွင် ဟန်မပျက်သွားရပ်ကာ ပခုံးကိုလှမ်းဖက်လိုက်၏။၀ီဆမ်(မ်)က သူ့မျက်နှာကိုမြင်သည်နှင့် စိတ်ပျက်သွားသောအနေအထားမှာရှိပြီး အနောက်သို့ပြန်လှည့်ရန် ကြံရွယ်လိုက်သည်။

" ပေး၀င်လိုက် သူကငါ့ရဲ့VIPသူငယ်ချင်း "

စက်၀ဏ္ဏက လုံခြုံရေးအစောင့်ရဲ့လက်ထဲသို့ ငွေသားအချို့ထည့်ကာ မျက်စပစ်ပြလိုက်တာမို့ တစ်ဖက်လူက ချောင်းတစ်ချက်ဟန့်ရင်းထိုနေရာမှ ရှောင်ထွက်သွားသည်။

" မထင်ရဘူးနော် အစ်ကို့ကိုအဖြူထည်လေးထင်ထားတာ အနက်ရောင်လေးဖြစ်နေတာပဲ "

PaShay PeSamWhere stories live. Discover now