13

1.7K 181 28
                                    

မက်ဒန်၏မိုးအကုန် ဆောင်းဦးရာသီကြောင့် ထိုမြို့တစ်ခွင်၌ပြောင်းရွှေ့ကုန်သည်အများအပြားက စီးပွားရေးနယ်ချဲ့လာကြတာဖြစ်သည်။ရာသီစာသီးနှံများနှင့် ပိုးထည်အများအပြားက မက်ဒန်စျေးတစ်ခွင်၌ ပြည့်သိပ်စွာမြင်တွေ့နေရ၏။

ခီစံက သူ့အမြင်ကိုအပြည့်အ၀ဆွဲဆောင်နေသော နီညိုရောင်သိုးမွှေးမာဖလာတစ်ထည်ကို လှမ်းယူကာစူးစမ်းလိုက်သည်။အရောင်စိုကာ လှပနေသည့်ထိုမာဖလာက လည်တိုင်ဖြူဥဥ၌ရစ်ပတ်ညှိတွယ်နေမည့် မြင်ကွင်းကိုတွေးကြည့်ရုံနဲ့တင် စိတ်ထဲကြည်နူးနေရတာဖြစ်၏။ထိုလည်တိုင်ပိုင်ရှင်က အချစ်ဦးလေးပီဆမ်(မ်)ကလွဲပြီးဖြစ်နိုင်ချေမရှိပါလေ။

" ဒီမာဖလာလေးယူမယ်ဗျ လက်ဆောင်ပေးမှာမို့လို့သေသေချာချာလေးထုတ်ပိုးပေးပါ "

ခီစံက ဆိုင်ရှင်ဦးလေးထံသို့လက်ဆင့်ကမ်းကာ ငြိမ်သက်စွာဖြင့်ရပ်စောင့်နေလိုက်သည်။

" ကိုသော်ဇင်မွေးနေ့ရှိသေးတာပဲ "

ခီစံက တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် သူ့နဖူးကိုလက်ဖြင့်ခပ်ဖွဖွပြန်ရိုက်ကာ ထိုနေရာ၌လှည့်ပတ်ကြည့်လိုက်သည်။သိုးမွှေးအနွေးထည်များနှင့် မာဖလာများက သူ့အနီးနားတွင်ပေါများသော်လည်း စျေးအတော်အတန်ကြီးတာကြောင့် မာဖလာတစ်ထည်လောက်သာလျှင် မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ဆုံးဖြတ်လိုက်၏။
ထို့နောက် ခီစံက အဖြူရောင်သိုးမွှေးမာဖလာကိုလက်လှမ်းယူကာ နောက်တစ်ခုထပ်မံထုတ်ပိုးခိုင်းလိုက်သည်။

>>>>>>>>>

ကုန်ဆုံးသွားသည့်ရက်တွေနှင့်အတူ ဖျော်ဖြေရေးစတင်မည့်ရက်ကလည်းနီးကပ်လာပြီဖြစ်၏။ယုံကြည်ချက်မရှိဘူးဟု မသတ်မှတ်ချင်ပါသော်လည်း သူ့အနေဖြင့်စိုးရိမ်မှုအနည်းငယ်တော့ ကျန်ရှိနေတုန်းဖြစ်သည်။လူထောင်သောင်းပေါင်းများစွာက ကိုယ့်ကိုအကဲခတ်ကာ စောင့်ကြည်နေမည်ဟူသောအသိက ခီစံရဲ့မသိစိတ်ထဲ၌ အနည်းငယ်ထိတ်လန့်နေမိတုန်းပင်။

" ဘာတွေ အတွေးများနေတာလဲအငယ် ကိုကိုဒီမှာIntroတီးပြီးနေပြီလေ "

PaShay PeSamWhere stories live. Discover now