01

18.1K 636 119
                                    

" လက်မှတ်ပျောက်ပြန်ပြီ "

စိတ်ထဲအလိုမကျစွာရေရွတ်ရင်း သူယူဆောင်လာသည့်လွယ်အိတ်ထဲ၌ စတင်မွှေနှောက်လိုက်၏။စာရွက်ကြားထဲပျောက်ကွယ်နေသည့် လက်မှတ်အပိုင်းအစကိုတွေ့မှသာ သက်ပြင်းချနိုင်တော့တာဖြစ်သည်။ထို့နောက် ရထားပေါ်စတက်သည့်အချိန်တည်းက သူ့လက်ထဲတင်းကျပ်စွာဆုပ်ကိုင်ထားမိသည့် ဓာတ်ပုံတစ်ပုံအား မှင်သက်စွာငေးမောကြည့်နေမိ၏။မှတ်ဥာဏ်ပျောက်ဆုံးနေသူအဖို့ ထိုဓာတ်ပုံတစ်ပုံရဲ့နောက်ကွယ်မှအမှတ်တရအချို့ကို သူ့အနေဖြင့်မမှတ်မိနိုင်တော့ပေ။

" ခီစံ "

ခပ်တိုးတိုးရေရွတ်မိတဲ့ အမည်နာမကသူ့နာမည်ဖြစ်တန်ကောင်းပါရဲ့။နာမည်တစ်လုံးကလွဲပြီး မည်သည့်အကြောင်းအရာမှမမှတ်မိနိုင်တော့တာမို့ သူ့ဘ၀ကသေလူနှင့်မခြားပေ။ဓာတ်ပုံထဲ သူနှင့်အတူလက်ချင်းချိတ်ကာ ပြုံးရယ်နေသည့်အမျိုးသားက မည်သူမည်၀ါမှန်းသေချာမသိ။သို့ပေမယ့် ထိုလူကပျောက်ဆုံးနေသည့် သူ့မှတ်ဥာဏ်တွေနှင့် အမှတ်တရအချို့ကိုပြန်လည်ပြောပြနိုင်မည်ဟု ခီစံမှတ်ယူထားသည်။

" ရထားထွက်ဖို့ဆယ်မိနစ်ပဲလိုတော့တယ် "

အရှေ့မှထွက်ပေါ်လာသည့်တီးတိုးသံတွေကြောင့် ခီစံကသူ့ဘေးနားမှ ခုံအလွတ်အားလှမ်းကြည့်လိုက်သည်။ထိုနေရာပိိုင်ရှင်က မည်သူမည်၀ါမှန်းမသိသေးသော်လည်း ရထားမထွက်မှီအရောက်လာနိုင်ရင်တော့ ကံကောင်းနိုင်ပါရဲ့။
.
.
.
.
.
" ကွက်တိပဲ "

အပြေးအလွှားရောက်လာသည့် လူငယ်တစ်ယောက်က ခီစံရဲ့ဘေးတွင်၀င်ထိုင်ကာ ခီစံအားပြုံးပြလာ၏။ထိုလူငယ်နှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း စိတ်ထဲရင်းနှီးသလိုခံစားနေရသည်က ဘာကြောင့်မှန်းမသိ။

" ရထားကထွက်တော့မှာ မင်းအချိန်မှီရောက်လာတာတော်သေးတာပေါ့ "

ခီစံက ဖော်ဖော်ရွေရွေဖြင့်စတင်စကားစကာ ပြုံးပြလိုက်သည်။ခေါင်းထဲ ဗလာနတ္တိဖြစ်နေသူအဖို့ မိတ်ဆွေတစ်ယောက်ရရှိခဲ့ပါက ထိုအထီးကျန်ခြင်းမှ အနည်းငယ်လွတ်မြောက်နိုင်ကောင်းပါရဲ့။

PaShay PeSamWhere stories live. Discover now