အိမ်အကျယ်ကြီးရဲ့ အပေါက်ဝမှာ အမျိုးသမီးကြီးရဲ့ လက်ကိုဆွဲကာ ရပ်နေတဲ့ ၅နှစ်သားအရွယ် ကလေးလေးဟာ မျက်လုံးအိမ်ထဲက မျက်ရည်စတွေပင်စို့နေသေးသည်။
ထိုနောက် အမျိုးသားကြီးတစ်ဦးနောက်က
နေဝင်လာကာ ထိုကလေးအနား ဒူးထောက်ထိုင်ချလိုက်ကာ ကလေးငယ်ရဲ့ ပုခုံးကို ဖြေးဖြေးချင်း ဆွဲလှည့်လိုက်သည်။"ဒါက Seungလေးနေရမဲ့ အိမ်၊ ဦးဦးနဲ့ ဒေါ်ဒေါ်က အခုက စပြီး Seungလေးရဲ့ ဖေဖေနဲ့ မေမေပဲ"
ထိုအချိန်ထိ ငြိမ်သက်နေဆဲ ကလေးလေး
"Seungလေးက ကြောက်နေတာလား"
ခေါင်းကို ဖြေးဖြေးချင်းညိတ်ကာ ကျလာခါနီးရည်တွေကို လက်ခုံ သေးသေးလေးနဲ့ ဆွဲပွတ်လိုက်တော့သည်။"အာရီးဂူးးမေမေတို့ Seung လေးက ငိုနေတာပဲ၊ မငိုရဘူးလေ၊ အခု Seung လေးမှာ ဖေဖေရော မေမေရောရှိနေပြီ"
"မေမေကြီး"
မဝံ့မရဲ အသံလေးနဲ့ ခေါ်လာတဲ့ ကလေးငယ်လေးကြောင့် အမျိုးသမီးကြီးမျက်နှာမှာ အပြုံးတွေ ဖြစ်တည်လာတော့သည်။"မေမေကြီးလို့ ခေါ်လည်းရတယ် Seung လေးသဘော"
"ဖေဖေ့ကိုလည်း ခေါ်ပါအုံး"
"ဖေဖေကြီး"
"ဟော ချစ်ဖို့ကောင်းတဲ့ ဖေဖေ့ Seung လေး"ပါးလေးကို ဖျစ်ညစ်လိုက်ပြီး ပါးဖောင်းဖောင်းလေးကို ထိုအမျိုးသားက မွှေးကြူလိုက်သည်။
ငိုတော့မဲ့ မျက်နှာလေးဟာ ချက်ချင်းပြန်ပြီး ပြုံးယောင်တွေ သမ်းသွားတော့သည်။
ကလေးတစ်ယောက်ဟာ ပန်းလေးနဲ့ တူသည်။
လန်းဆန်းနေရင် လှသလို ညှိုးနွမ်းနေရင်လည်းသနားဖို့ကောင်းလှသည်။"အပေါ်မှာ ကိုကိုရှိတယ် Seung လေး ကိုကို့ကို သွားတွေ့ကြမလား"
"ဟုတ်"^_^^_^
Minho အိပ်ခန်းထဲမှာ အရုပ်တွေကို ဖွထားပြီး အိပ်ရာပေါ်မှာ လူးလိမ့်ကာ ဆော့နေသည်။
ဖေဖေနဲ့ မေမေက မနက်ထဲက အပြင်သွားတာမို့ သူ့ကို အိမ်တော်ထိန်းသာ ထားခဲ့သည်။အရုပ်တွေကို ဖွထားရခြင်း နံပါတ်တစ်အချက်က သူ့ကိုခေါ်မသွားလို့ဖြစ်သည်။
ပြန်လာရင် သေချာပေါက် စိတ်ကောက်ပြသ်အုံးမည် ဟု ကြိမ်းဝါးထားသေးသည်။

YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။