Between Us 12

116 15 0
                                    

Changbin , Hannie ဆီက ဖုန်းလက်ခံရတာကြောင့် Minho ဆီကို ဖုန်းဆက်ပြီး ဘယ်မှာ ရှိနေတာလဲ ဆိုတာ မေးရသည်။
ဒါတောင် လာမခေါ်နဲ့ ဘာဖြစ်ဖြစ် ပြစ်ထားလိုက်ဆိုပြီး ပြောနေသေးတာ။
သူငယ်ချင်းမို့ ပြစ်မထားရက်လို့သာ လိပ်စာရအောင်တောင်းပြီး လိုက်ခေါ်ရတော့သည်။

Changbin barကိုရောက်တော့ မူးရူးကွဲပျြဲနတဲ့ သူငယ်ချင်းဖြစ်သူကို တွေ့ရပါပြီ။
Han jisung နဲ့ တွေ့မှပဲ Lee Minho လည်း အခုလိုဖြစ်နေတာတွေ့ရတော့ ဒုက္ခတွေကြား Changbin ပြုံးမိသေးသည်။

"ကဲ ထထ ပြန်မယ်၊ အရက်နံ့တွေကလည်း နံဟောင်မေတာပဲကွာ မင်း"
"မပြန်ဘူး"
"ထစမ်းပါကွာ နောက်ကျနေပြီ"
"မပြန်ဘူးလို့ Hannie လာခေါ်မှ ပြန်မှာ"
"အရူးရဲ့ ဘာတွေမျှော်လင့်နေတာလဲ"

Changbin ပြောလိုက်တော့ ငြိမ်ကျသွားတဲ့  သူကြောင့် Changbin မှာ သူ့စကားမှားသွားတာကို သတိထားမိတော့သည်။

"ဟုတ်သားပဲ ဘာတွေမျှော်လင့်နေတာလဲ၊ ငါက ဘာတွေ မျှော်လင့်နေမိတာပါလိမ့်"

>>>>>>>>>>>>>>>>>>

"Seungmin ရေ Hyung ပါ Minho သူငယ်ချင်း Minho အရမ်းမူးနေလို့ တံခါးဖွင့်ပါအုံး"

Seungmin အပြင်က တံခါးခေါက်သံကြောင့် ဖွင့်ပေးလိုက်တော့ ကိုကို့ကို တွဲထားတဲ့ Changbin Hyung တွေ့လိုက်ရသည်။

ကိုကိုက အရက်သောက်လာသည့်ပုံပါပဲ ခေါင်းပင်မထောင်နိုင်အောင်ကို မူးနေသည်။
Changbin Hyung က ကိုကို့ကို တွဲကာ အခန်းထဲထိ တွဲပို့ပေးသည်။

"ဒါဆို Hyung ပြန်တော့မယ်နော် Seungလေး"
"ဟုတ် Hyung ဂရုစိုက်ပြန်နော်၊ ကိုကို့ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ကျေးဇူးတင်ရမဲ့ လူတွေလား"

Changbin လည်း ထိုမျှသာ ပြောပြီး ပြန်လာခဲ့လိုက်သည်။

Seungmin ကိုကို အိပ်နေပြီလားဆိုတာ သိချင်တာကြောင့် အခန်းထဲ ဝင်ကြည့်လိုက်သည်။
မအိပ်သေးပဲ လူတစ်ယောက်နာမည်ကို ဆက်တိုက်ခေါ်နေခဲ့တာ
သေချာနားထောင်ကြည့်တော့

"Hannie ကိုယ်ကို ဘာလို့ ပြန်မချစ်နိုင်တာလဲကွာ"

Seungmin ထိုစကားသံတွေကိုကြားတော့ ရင်ထဲက တဆစ်ဆစ်ဖြင့် နာပါသည်။ကိုယ်ချစ်တဲ့သူက တစ်ခြားသူကို ချစ်နေတယ်ဆိုတဲ့ အသိက သူ့ကိုရူးသွားစေဖို့ လုံလောက်ပါပြီ။

Between Us Where stories live. Discover now