Between Us 10

144 16 1
                                    

သဘောကျတယ်။
ရှေ့တိုးခွင့် မရှိတာတောင် ကိုကို့ကို သဘောကျတယ်။
ကျွန်တော်တို့ အခုလို အတူတူရှိနေရခြင်းတွေမှာလည်း သဘောကျတယ်။
ကိုကို့အပြုံးတွေကို ငေးခွင့်ရတာကိုလည်း သဘောကျတယ်။
မပိုင်ဆိုင်ရတာကို သိတာတောင် ဆက်ပြီး
သဘောကျတယ်။
တစ်မိုးအောက်ထဲမှာ အတူရှိခွင့် ရခြင်းမှာလည်း သဘောကျတယ်။
လွယ်လွယ်သဘောကျတာမဟုတ်ပဲ ကိုကိုဖြစ်နေတယ်ဆိုတဲ့ အသိကြောင့် သဘောကျတာပါ။

..............
ကိုကို့အပေါ် ညီကိုတွေထက်ပိုတဲ့ ခံစားချက်တွေကို Seungmin ဘယ်အချိန်က စသိခဲ့လည်းဆိုရင် ကိုကို တက္ကသိုလ်တက်ဖို့ Seoul မှာ ပြောင်းနေတဲ့ အချိန်က ဖြစ်မယ်ထင်ပါရဲ့။

အစကတော့ ကျောင်းအတူတူသွားတဲ့ အဖော်မရှိတော့တာတာတွေ၊ ကိုကိုရဲ့ စနောက်သံတွေ မကြားရလို့ လွမ်းတယ်လို့ပဲ ထင်ခဲ့မိတာ။
သေချာဆန်းစစ်ကြည့်တော့ ကိုကို့ကို ချစ်နေတာတဲ့လေ။

ကိုကိုနဲ့ ဖုန်းပြောတဲ့ညက ကောင်မလေးရနေပြီပြောတော့လည်း ဘာမှ မဖြစ်ချင်ယောင်ဆောင်ခဲ့တယ်။ ကိုကို့ဘက်က ဖုန်းချလိုက်မှ သူ့ရင်ထဲ ကမ္ဘာပျက်နေသလို စိတ်မအေးဖြစ်နေရသည်။ အဲ့အချိန်က သူလည်းမြန်မြန် တက္ကသိုလ် တက်ရမှ ဖြစ်မည်ဆိုတဲ့ အတွေးနဲ့ စာကို နှစ်ဆပိုကြိုးစားခဲ့သည်။

ကိုကိုပြန်လာတဲ့ရက်က သူ့ကို ဘာမှ မပြောခဲ့တာကြောင့် အများကြီးဝမ်းနည်းခဲ့ရသည်။

သူအနိုင်ကျင့်ခံရတော့ ကိုကိုရောက်လာတာက သူ့ရဲ့ အတွေးလို့ပဲ ထင်ခဲ့တာ။ ပြီးမှ ကိုကိုတကယ်ရောက်လာတာကို သိပြီး ကိုကို့ကို ဖက်ကာ အမျာကြီးငိုခဲ့သည်။
အဲ့တုန်းက ကြောက်စိတ်ထက် ကိုကို့ကို ဖက်ထားတာကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး။
သူလွမ်းနေခဲ့ရတဲ့ ရင်ခွင်ထဲကို အကြာကြီးနေဖို့ပဲ စိတ်ကူးရှိခဲ့တာ။

ညရောက်တော့ ကိုကို့နဲ့ ကတောက်ကဆ ဖြစ်ခဲ့ပေမဲ့ ပြန်တောင်းပန်ပြီး ကြေအေးကာ ကိုကိုနဲ့ စကားတွေ ပြောခဲ့ကြသည်။
စကားပြောရင်း သူ့ရဲ့ ခံစားချက်တွေကို ဝန်ခံမိသလို ဖြစ်သွားတာကြောင့် ကိုကိုမရိပ်မိသွားဖို့တိတ်တိတ်လေး ဆုတောင်းခဲ့ရသေးသည်။

Between Us Where stories live. Discover now