Minho , Changbin နဲ့ တွေ့ဖို့ပြောထားတာကြောင့် ကားပါကင်ကနေ စောင့်နေလိုက်သည်။
Changbin က အမြဲနောက်ကျနေကျမို့ သူတစ်ယောက်ထဲ ဆိုင်ထဲမှာ ရှိနေရမှာ ပျင်းတာကြောင့် ကားပါကင်ကနေသာ စောင့်ပြီး ဆိုင်ထဲ မဝင်ဖြစ်ပေ။
ထိုအချိန် ကားထဲကနေ ဆင်းလာတဲ့ Hannie ကိုတွေ့တော့ Minho အံ့ဩသွားရသည်။
Hannie ကလည်း သူလိုပဲ ထင်ပါရဲ့ သူ့ကိုတွေ့လိုက်ရတော့ အံ့ဩသွားသည့်ပုံပင်။ပိုပြီးအံ့ဩမိတာက Hannie နောက်ကလူကိုပင်။
Minho စိတ်ထဲ သူတို့ကြားက ဆက်ဆံရေးကိုဘာလို့မှန်းမသိသော်လည်း သူစိတ်ထဲ
ထင့်နေမိသည်။ ယောက်ျားလေးချင်း ခန့်မှန်းမိသည်ဟုပဲ ဆိုရမလား။"Hannie "
"Minho Hyung"
"ဈေးလာဝယ်တာလား"
"ဟုတ်တယ် လိုအပ်တာလေးတွေရှိလို့"Hanက တစ်ခုခုကို မသက်မသာ ဖြစ်နေသည့်ပုံပင်။ ထိုအချိန် Han ရဲ့ နောက်ကလူက
"Hannie အသိလား"
"ဟုတ်တယ် ကိုကို ကျောင်းက စီနီယာပါ majorတော့မတူဘူး"Hannie ဆီက ကိုကိုဟု ခေါ်သံကြောင့် Minho တစ်ခုခုမူမမှန်တာကို ခံစားမိသည်။
သူနဲ့ Kim Seungmin လို ညီကိုတွေမို့ ကိုကိုဟု ခေါ်တာဟု မခံစားရပေ။
ရင်ထဲမှာ မတက်မကျနှင့်ပါလေ။Changbin ရောက်လာပြီး သူတို့သုံးယောက် တစိယောက်နဲ့ တစ်ယောက် အနေခတ်သည့် အခြေအနေကို ဖျက်လိုက်သည်။
"Chan Hyung"
"Binnie"Minho မှာ Hanနဲ့ ထိုလူရဲ့ ပတ်သတ်မှုအတွက် အဖြေထုတ်နေရချိန်မှာ Changbin က ထိုလူကို ခေါ်လိုက်ပြီး ဟိုဘက်ကလည်း တရင်းတနှီးနှုတ်တက်နေတာကြောင့် ဒီအခြေအနေကို နားမလည်သူက သူသာရှိလိမ့်မည်။
"Hyung ဈေးဝယ်လာတာလား"
"Hyung မဟုတ်ပါဘူး binnie ရာ Hannie ပါ သူလိုအပ်တာတွေ ဝယ်စရာရှိတယ်ဆိုလို့ လိုက်ပို့တာ"
"နောက်မှ အေးဆေး အိမ်အလည်လာတော့မယ် Hyung "
"ဟုတ်ပါပြီ Hyung တို့လည်း သွားတော့မယ်နော်"Changbin ကိုနှုတ်ဆက်ကာ ထွက်သွားတဲ့ ထိုလူနောက်ကို လိုက်သွားတဲ့ Hannie ကို Minho မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။
သူတို့မြင်ကွင်းက ပျောက်သွားမှ သူ့အတွက် ဖြေရှင်းရမည့် ပုစ္ဆာကို Changbin ကိုမေးရမည်။

YOU ARE READING
Between Us
Hayran Kurguနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။