"Seung လေး ဖေဖေညနေကျ မအားလို့ လာမကြိုတော့ဘူးနော် သား တစ်ယောက်ထဲ ပြန်လို့ဖြစ်တယ်မလား"
"ရပါတယ် ဖေဖေကြီး သားတစ်ယောက်ထဲပြန်လို့ ဖြစ်တယ်"
"ညနေကျရင် အိမ်ကို ဂရုစိုက်ပြန်လာခဲ့နော်၊ စာလည်းသေချာကြိုးစားသင်"
"ဟုတ်"Seungmin, Lee Appaကို နှုတ်ဆက်ကာ ကျောင်းထဲ ဝင်လာခဲ့သည်။
ဖေဖေက မအားရင်တောင် လာကြိုနေကျပေမဲ့ ဒီနေ့တော့ အတော်လေးအရေးကြီးတဲ့ အလုပ်ကိစ္စကြောင့်ပဲ လာမကြိုဖြစ်တာ ဖြစ်ပါလိမ့်မယ်။
Seungmin အမြဲတမ်း ဖေဖေကြီးတို့ကို အားကိုးနေလို့မရပါပဲလေ။
နောက်ပိုင်းကျရင် သူရဲ့ဘဝရှေ့ရေးအတွက် ကိုယ့်အားကိုယ် ကိုးရမည်မလား။:-*:-*:-*:-*
"မေမေနဲ့ ဖေဖေ့ကို လွမ်းနေတာ"
"အပိုတွေ၊မယုံပါဘူးတော်"
"တကယ်ပါဆိုဗျာ"အိမ်ပြန်ရောက်ရောက်ချင်း ကပ်ချွဲနေတဲ့ သူကြောင့် အိမ်က ရယ်သံတွေ ဖုံးလွှမ်းနေတော့သည်။ ဒီလို အသံတွေမကြားရပဲ ခြောက်ကပ်နေတာ ၅လလောက်ရှိပြီ။ အခုမှပဲ အရင်လို စိုစိုပြေပြေနဲ့ မိသားစုစုံစုံလင်လင်ပြန်ရှိရတော့သည်။ Seung လေးကတော့ အခုချိန် ကျောင်းမှာ ရှိနေမှာပေါ့။
Minho အိမ်ပြန်လာတာကို Seungmin တစ်ယောက်မသိပေ။ မသိစေချင်လို့ မေမေတို့ကိုတောင် တမင်မပြောခိုင်းခဲ့တာ။
နောက်အပတ်ပြန်လာမယ်လို့သာ ပြောခဲ့ပေမဲ့ ဘယ်ရက်ဆိုတာတော့ မပါပေ။
ညနေကျရင်လည်း Minho ကိုယ်တိုင် Seungmin ကိုသွားကြိုမှာမို့ ဖေဖေ့ကိုတောင် မကြိုဖို့ ပြောခိုင်းလိုက်ရသေးသည်။
အကောင်ပေါက်က ပြန်လာတာကို သူ့မပြောလို့ စိတ်ကောက်နေမဲ့ ပုံကို မြင်ချင်လှပြီ။
Minho ကျောင်းဆင်းချိန်လောက်မှန်းပြီး အိမ်ကနေ ထွက်လာခဲ့သည်။
နှစ်ယောက်အတူတူ ပေါ့ပေါ့ပါးပါးဖြစ်အောင် အိမ်က ကားမယူပဲ bus ဖြင့်သာ သွားဖို့ မှတ်တိုင်ကို ထွက်လာခဲ့သည်။
သူရောက်ပြီး မကြာခင်မှာပဲ သူတို့ကျောင်းနားက မှတ်တိုင်မှာ ဆင်းလို့ရမဲ့ bus ရောက်လာတာကြောင့် ကားပေါ်ကို တက်လာလိုက်သည်။
သူရောက်တာနဲ့ ကျောင်းဆင်းချိန်ကွတ်တိလောက်ဖြစ်မှာပါ။

YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။