Between Us 13

170 18 0
                                    

ကိုကို ဘဝမှာ ဒီနေ့က အပြိုလဲဆုံးနေ့ဟုပင် ပြောနိုင်သည်။

ကိုကိုသိပ်ချစ်ရတဲ့ ထိုအမျိုးသားက သူသိပ်ချစ်ရတဲ့ သူနဲ့ လက်ဆက်သွားသည့်နေ့ပင်။

ကျွန်တော် ကိုကို့ကို ဘယ်လိုများနှစ်သိမ့်ရမလဲဆိုတဲ့ မေးခွန်းကိုသာ အကြိမ်ကြိမ် စဉ်းစားနေမိသည်။

ကျွန်တော့် နှစ်သိမ့်မှုက ကိုကို့အတွက်တော့ မြုမှုန်ပမာဏဆိုတာကိုလည်း သိပါသည်။

"ကိုကို"
"Seungလေး"
"ကိုကို အဆင်ပြေရဲ့လား"

ကိုကိုက မေးခွန်းကို ပြန်မဖြေလာ။ ကျွန်တော်ဟာ သိပ်ညံ့ပါရဲ့၊ အဆင်မပြေတဲ့ သူကို အဆင်ပြေရဲ့လား မေးတာတဲ့လေ။

Changbin Hyung ပြောပုံအရဆို Han jisung ဆိုတဲ့ ကိုကိုချစ်ရတဲ့ အမျိုးသားက ကိုကို ထပ်ပြီးနှောက်ယှက်မှာကို ကြောက်လို့ မြန်မြန်လက်ထပ်သွားတာတဲ့လေ။

ထိုအကြောင်းကို ကိုကို့ကို မပြောဖို့မှာထားသော်လည်း ကိုကိုလိုလူက ရိပ်မိနေမယ်ဆိုတာ ကျွန်တော်သိပါသည်။

"ကိုကို့ ဘေးမှာ ကျွန်တော်ရှိပါသေးတယ်။"

ကိုကိုက အရူးတစ်ယောက်လိုပြုံးပြတယ်။
ပြီးတော့ ထိုစကားကို ဆိုတယ်။

"တကယ်လည်း ကိုကို့မှာ မင်းပဲ ရှိတာတဲ့လေ။"

ထိုစကားဟာပဲ ကျွန်တော် ကိုကို့ဆီမှာ ထပ်ကာ ကျရှုံးရခြင်း ဖြစ်ပြန်သည်။

>>>>>>>>>>>>>>>>>>>>>

ညနေရောက်တော့ မနက်ကလို အရာအာလုံးအရှုံးပေးထားသည့်နယ် ကိုကိုက ၊ မနက်ကနှင့်မတူအောင် ပြောင်းလဲသွားတာကြောင့် Lee Minho နှစ်ကိုယ်ခွဲများလားဟု ခပ်နောက်နောက် အတွေးလေးတွေးမိသေးသည်။

"ညနေစာ အပြင်ထွက်စားရအောင် ကိုကိုတို့"
"ဗျာ"
''ကိုကိုတို့ စကားလည်း သေချာမ‌ပြောဖြစ်ကြဘူးလေ အဲ့တာကြောင့်"
"ကျွန်တော်က အဆင်ပြေပါတယ်၊ ကိုကိုက အဆင်ပြေ..."
"ရှူး....ကိုကို အဆင်ပြေတယ်၊ ကိုကိုတို့ သွားရအောင်"

ကျွန်တော့် ဆံပင်တွေကို ထိုးဖွပြီး ပြုံးပြနေတဲ့ ကိုကိုက ကျွန်တော့်ကို လက်နက်မပါပဲ ခနခနသတ်နေသည့် ရာဇဝတ်သားတစ်ယောက်လိုပင်။

Between Us Where stories live. Discover now