Seungmin က ကိုကိုပြန်လာတာကြောင့် ဒီနေ့ နှစ်ယောက်သား လျှောက်လည်ဖို့ စီစည်ထားကြသည်။
အရင်ကလည်းသူတို့သွားနေကြ နေရာတွေ ဆိုပေမဲ့လည်း ကိုကိုနဲ့ သွားရတာမို့ Seungmin ပျော်ပါသည်။
"ကောင်းကောင်းပျော်ခဲ့ကြနော် ၊ ဂရုစိုက်ပြီးသွားကြ"
"ဟုတ်ကဲ့ မေမေကြီး"
"Minho သား အိမ်က ကားပဲ ယူသွားမှာလား"
"မဟုတ်ဘူး မေမေ bus နဲ့ သွားမလို့။"Minho နဲ့ Seungmin Lee omma ကို နှုတ်ဆက်ကာ အိမ်ကနေ ထွက်လာခဲ့ကြသည်။
သူတို့လျှောက်လည်ခဲ့ဖူးတဲ့နေရာတွေကို ပြန်သွားကြသည်။
ငယ်ငယ်က အမှတ်တရတွေက တသီတတန်းပါပဲ။
တကယ်ကို သူတို့တွေ ဒီနေရာတွေမှာ နှစ်ယောက် အတူ အမှတ်တရတွေ များသည်။
ကိုကိုက စလို့ ဒီနေရာမှာ သူငိုခဲ့ဖူးသည်။စပြီးရင် ပြန်မချော့တဲ့ သူကြောင့် ပိုပြီး စိတ်ကောက်ခဲ့သေးသည်။
"အရင်အမှတ်တရတွေကိုတောင် ပြန်သတိရသွားပြီ"
"ကျွန်တော့်ကို ငိုအောင်လုပ်တဲ့ အမှတ်တရလား"
"Kim Seungmin တို့က အကုန်မှတ်ထားတာပဲ''
"တစ်ခါနှစ်ခါမို့လား၊ အမြဲတမ်း အနိုင်ကျင့်နေတာကို"စကားပြောနေရင်း ရပ်တန့်သွားပြီး နှစ်ယောက်လုံး ကောင်ကင်ပြာပြာကို မော့ကြည့်ကြသည်။
ဒီနေ့မှ တကယ် ရာသီဥတုကကောင်းနေသည်။
တိမ်စတွေတောင် မရှိပဲ ကြည်လင်နေသည်။လေပြည်အေးအေးလေးတွေ တိုက်နေတာမို့ Seungmin ရဲ့ ဆံပင်တွေက လေရဲ့ ကျီစယ်မှုကို ခံနေရသည်။ နေရောင်ကြောင့် မှေးဆင်းနေတဲ့ မျက်လုံးတစ်စုံရယ်
ပန်းချီကားတစ်ချပ်လို့ ရင်သပ်ရှုမောစရာ အတိ။"ဘယ်နေ့ပြန်မှာလဲ ကိုကို"
"အင်း မသိသေးဘူး"
"မလိမ်ပါနဲ့ ဘယ်နှစ်ရက်နေမှာလဲ"
'"တကယ် မသိသေးပါဘူးဆို"Seungmin က မယုံတဲ့ မျက်လုံးနဲ့ကြည့်နေတာကြောင့် Minho တစ်ယောက် အဝေးတစ်နေရာကို အကြည့်လွှဲကာ လိမ်ရသည်။
ဒီညပြန်မယ်ဆိုတာကို ပေးမသိချင်ဘူး။
Seungmin ကလည်း သူ့ကို လွမ်းနေတာဆိုတာ သေချာပေါက်သိသည်။"Minho မလား"
"အင်းဟုတ်တယ်"
"ငါ့ကို မမှတ်မိဘူးလား"
"အထက်တန်း အတူတူတက်ခဲ့တာလေ"
"အာ သိပြီသိပြီ''

YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။