Seungmin အပျော် ခရီးထွက်သွားတယ် ပြောသွားပေမဲ့ ရက်မည်မျှ ကြာမည်ဟုဆိုတာကိုတော့ ပြောမသွားပေ။
တစ်ရက်တော့ hyunjin က ဖုန်းဆက်က ခရီးရှည် ဖြစ်ပြီး စိတ်မပူဖို့ ပြောတာကြောင့် Minho ဘာသ်ဘာသာ နေလိုက်သည်။
ဒီကြားထဲမှာလည်း Hannie နဲ့ ပတ်သတ်တဲ့ သူ့ခံစားချက်တွေ အတော်ကို သက်သာလာသည်ဟု ပြောရမည်။
ထိုအကြောင်းတွေ တွေးမိရင်
Seungmin အကြောင်းပါ တွေးမိလာသည်။သူ့ကို နှုတ်ဆက်သွားတုန်းက ဘယ်တော့မှ ပ်ြမတွေ့ရတော့မည့် လူတစ်ယောက်လို နှုတ်ဆက်သွားတာကြောင့် စိတ်ထဲ ထင့်နေမိသည်။
မဟုတ်လောက်ပါဘူးဟုပဲ သူ့စိတ်ကို ပြန်လည်ကာ အသိပေးနေရသေးသည်။
>>>>>>>>>>>>>>>
"Seungmin ဆေးသောက်ရအောင်"
Seungmin အခန်းထဲ ဝင်လာပြီး လာခေါ်တဲ့
Felix ကို ကြောင်ကြည့်နေသည်။"ငါ မင်းသူငယ်ချင်း Felix လေ Seungmin ရား"
"Felix ကလည်း ငါမင်းကို မှတ်မိပါတယ်"
"အေးပါကွာ မင်းမှတ်မိရင် ဆေးသောက်ဖို့ ထွက်ခဲ့အုံး"
"အင်း"Seungmin ခေါင်းညိမ့်ပြပြီး Felix နောက်ကနေ လိုက်လာလိုက်သည်။
အမှန်တိုင်း ပြောရရင် သူ Felix ကို မမှတ်မိဘူး ဖြစ်သွားတာ။
ရင်းနှီးတဲ့ ခံစားချက် ရှိနေတာမှ လွဲရင် သူ့နာမည်ကို မမှတ်မိသလို ဘယ်သူလဲဆိုတာကို သူမသိခဲ့ပါ။Felix ဘက်က သတိပေးမှသာ အသိစိတ်ပြန်ဝင်လာပြီး သူဘယ်သူလဲဆိုတာ သတိရတာဖြစ်သည်။
သူ့ရဲ့ ပတ်ဝန်းကျင်က လူတွေကိုပါ မေ့သွားပြီး နောက်ဆုံးအချိန် ရောက်လာတာက အခုဖြစ်မည် ထင်ပါရဲ့။
သူမမေ့ချင်ဘူး။ကိုကို့ကို သူမမေ့ချင်ဘူး။
သူ့တစ်ဘဝလုံး သတိရပြီးရှိသွားချင်တာက ကိုကိုပါ။
ဘာလို့ မမှတ်မိတာလဲဆိုပြီး ဦးနှောက်ကို ဖိအားပေးမိရင် ပြန်ခံစားရတာက သူပင်။Seungmin ကိုကိုပုံလေးကို ခိုးသိမ်းထားရတယ်။ နေ့တိုင်း ထိုပုံလေးကို ထုတ်ကြည့်ရသည်။
ဒိုင်ယာရီတွေ ချရေးရတယ်။
ကိုကို နာမည်ကို အထပ်ထပ် အခါခါ ခေါ်ပြီး ဦးနှောက်ထဲ ရိုက်သွင်းရတယ်။
YOU ARE READING
Between Us
Fanficနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။