Between Us 2

217 25 1
                                    

"Lee Minho အမှတ်စာရင်းပြစမ်း"
"မေမေကလည်း ဘာလုပ်ဖို့လဲ"
"အမှတ်ကောင်းလားကြည့်မလို့လေ"
''ကောင်းတယ် အရင်လထက်တောင်ပိုကောင်းသေးတယ်၊ တကယ်ပြောတာ"

မယုံသလို မျက်လုံးနဲ့ကြည့်နေတဲ့ မေမေက Seung လေးရဲ့ အမှတ်စာရင်းကို လက်ကကိုင်ထားပြီး သဘောတကျ ပြုံးနေပြန်သည်။

"မေ့မေ့ Seung လေးက အတော်ဆုံးပဲ အမှတ်တွေလည်း ကောင်းတယ်၊ ဟိုတစ်ယောက်နဲ့ အများကြီးကွာ"

မေမေက Minho ကို ရွဲ့ကာပြောလိုက်ပြီး Seungmin ကို သဲသဲလှုပ်လှုပ် ချစ်ပြနေသေးသည်။
အင်းးးငါကမွေးစားသားကျနေတာပဲ။

"Lee Minho မေမေတောင်းတုန်းပေးမှာလား၊ အတန်းပိုင်ဆရာမကို ဖုန်းဆက်မေးရမှာလား"
"မေမေ အမှတ်ကတကယ်ကောင်းတယ် မကြည့်တောင်ရတယ်"
"မယုံဘူး..တစ်ချိန်လုံး ဂိမ်းဆော့လိုက်၊ အိပ်လိုက်လုပ်နေတာ ဘယ်နေရာအမှတ်ကောင်းသွားတာလဲ"
"ဟားးမေမေ"

နောက်ဆုံးတော့ Minho လက်လျှော့လိုက်ကာ အမှတ်စာရင်း စာရွက်လို လက်ထဲထည့်ပေးလိုက်ရတော့သည်။

Minho အမှတ်စာရင်းကိုမြင်ပြီး lee omma တို့ မျက်လုံးပြူးနေရပြီလေ။
အမှတ်တွေက အကုန်ကပ်အောင်ထားတာ။

"နာအုံးမယ် ဘယ်နေရာ အမှတ်ကောင်းတာလဲ"

မေမေက Minho ကို လက်ထဲက ကြက်မွှေးနဲ့ ကျောပြင်ကို ခပ်စပ်စပ်လေးရိုက်လိုက်တာဖြစ်သည်။

"အာ့ နာတယ်ဗျ"
"နာအောင်ရိုက်တာလေ၊ မနာချင်ရင် စာကြိုးစားပါလား ခွေးလေးရဲ့"
"ကြိုးစားသားပဲ အမှတ်က သူ့ဘာသာ မကောင်းတာ"
"မကြိုးစားလို့ အခုလိုအမှတ်ရတာလေ ၊ Seung လေးနဲ့ တစ်ခြားစီပဲ မင်း"
"ဟုတ်ပါတယ် မေမေသားငယ်လေးကပဲ တော်တာ"

ပြန်ပြီး ရွဲ့ကာပြောလိုက်တော့ နောက်ထပ်ကျောပြင်ပေါ်ကိုရောက်လာတဲ့ ရိုက်ချက်
အင့်ခနဲနေတာပဲ။

"မနက်ဖြန် မင်းရော Seung လေးရော ဂိုက်ဆရာအိမ်ခေါ်သင်ရမယ်၊ အဓိကက မင်းပဲ Minho "
"ကျူရှင်ရှိသေးတယ်လေ မေမေ"
"ဘာကို ကျူရှင်လည်း လစ်ထွက်နေတာ မေမေမသိဘူးထင်နေတာလား"

တကယ်ကို တော်ပါပေတယ် အမကြီး Lee ။
သွားပါပြီ Lee Minho ရဲ့ ဘဝကလေး အခုကစပြီး ခြေချုပ်မိပြီ။
ငြင်းရင်လည်း ထပ်ပြီး အရိုက်ခံရအုံးမယ်။

Between Us Where stories live. Discover now