"မနက်စာတွေက ဘာလို့ကုန်အောင်မစားတာလဲ"
"မဟုတ်ပါဘူး စားနေတာလေ"ဘာပဲ ပြင်ပေးပေး အရသာရှိရှိစားတတ်တဲ့ ကလေးက အစားကို မစားပဲ ထိုးဆွပြီး ထသွားဖို့ပြင်နေတာကြောင့် Minho မေးလိုက်ခြင်း ဖြစ်သည်။
"မစားချင်ရင်မစားနဲ့တော့ Kim Seungmin ၊ ငါနောက်ရက်လည်း မနက်စာ မပြင်ပေးတော့ဘူးမို့ မင်းဘာသာ အဆင်ပြေသလိုသာ စားတော့"
Seungmin မနက်အိပ်ရာထကတည်းက ခေါင်းတွေက ထိုးကိုက်နေပြီး ပျို့အန်ချင်သလိုဖြစ်ကာ ရင်ထဲ ပြည့်သိပ်နေသလိုခံစားရသည်။
အစားစားကြည့်တော့လည်း တစ်ဇွန်းနှစ်ဇွန်းထပ် ပိုစား၍မရပေ။
အဲ့တာကြောင့် ကိုကိုပြင်ပေးတဲ့ မနက်စာကို မစားနိုင်တာဖြစ်သည်။ကိုကို ပြင်ပေးနေကြ ရိုးရှင်းတဲ့ မနက်စာတွေကို စားရတာ ဘယ်လောက်တောင် ကြိုက်လဲဆိုတာ သူကိုယ်တိုင်သာ သိပါသည်။
Seungmin က မစားပဲ ထဖို့ပြင်နေတာကြောင့် Minho စိတ်မကောင်းဖြစ်သွားရသည်။
ဒါကြောင့်လည်း မစားချင်ရင် နောက်ရက်ကျ ပြင်မပေးဘူးဟု ပြောလိုက်ခြင်းဖြစ်သည်။ပြင်ပေးပြီးသား မနက်စာတွေကို မစားပဲ အမှိုက်ပုံးထဲရောက်တာကိုတော့ မလိုလားပါ။
"ပြင်ဆင်ပြီးရင် ဆင်းလာခဲ့၊ ငါ ကားပေါ်က စောင့်နေမယ်''
"ဟုတ်"သူ့ကိုမစောင့်ပဲ အောက်ကို အရင်ဆင်းသွားတဲ့ ကိုကို့ကြောင့် Seung လေးရင်လေးမိပါသည်။
ဒါက ကိုကို စိတ်ဆိုးသွားတာ သေချာပေါက်ပင်။Seungmin လည်း မနက်စာထည့်ထားတဲ့ပန်းကန်ကို ကိုင်ကာ အမှိုက်ပုံးထဲ မကုန်တဲ့ အစာတွေကို သွန်လိုက်ရသည်။
သိပ်ပြီး မစားနိုင်တာမို့သာ သွန်ပြစ်လိုက်ရတာရင်ထဲမှာ နှမြောခြင်းက ပြောမပြနိုင်အောင်ပင်။
ကောင်းခြင်းမကောင်းခြင်း၊ တန်ဖိုးကြီးခြင်း မကြီးခြင်းထက် ကိုကိုပြင်ပေးတာမို့ သူ့အတွက် ဘယ်အရာနဲ့မှ လဲ၍မရပေ။
>>>>>>>>>>>>>>>>>
"ရောက်ပြီ ဆင်းတော့၊ ညနေကျရင် ကိုယ့်ဘာသာ ပြန်လိုက် ငါသွားစရာရှိတယ်"
"ဟုတ်''

YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။