ဒီနေ့ ကိုကို အထက်တန်းအောင်တဲ့နေ့၊ တစ်အိမ်လုံးကလည်း အရမ်းပျော်နေကြတယ်။
ကိုကိုက မကြာခင်မှာပဲ တက္ကသိုလ် တက်ရတော့မှာ၊ ကိုကိုမရှိရင် Seung ကို ငိုအောင်စနောက်မဲ့သူမရှိတော့ဘူး ဘယ်လောက်တောင်ပျော်ဖို့ကောင်းလဲ။မနက်ခင်းတိုင်း ကျောင်းသွားဖို့လည်း တကူးတက နှိုးပေးစရာမလိုတော့ဘူး။
သူအမှားလုပ်ရင်တောင် အကြပ်ကိုင်မဲ့သူမရှိတော့ဘူး။တွေးကြည့်ရုံနဲ့တင်ပျော်စရာပဲ။
"ဘာတွေတွေးနေတာလဲ"
"ကိုကိုနဲ့ ခွဲရတော့မှာမို့ ပျော်နေတာ"
"ဒီကောင်စုတ်လေးကတော့"
"အိမ်ကိုတော့ ပြန်လာမှာမလား"
"မလာပါဘူး၊ မင်းမျက်နှာကို မမြင်ချင်လို့၊ လာရင်တောင် မင်းကျောင်းဖွင့်တဲ့ရက်ပဲ လာမှာ"
''ကျွန်တော်လည်း ကိုကိုလာရင် မတွေ့အောင်ရှောင်နေမှာမို့ မပူပါနဲ့"Minho က ပုံမှန်တိုင်း Seungmin ကို စနောက်နေတာပင်။ စခံရတဲ့ တစ်ယောက်ကလည်း။စနေတာသိရက်နဲ့ စိတ်မကောင်းက ဖြစ်နေပြန်သည်။
မရှိတော့ရင် ပျော်မယ်လို့ တွေးနေတာကသူမဟုတ်တဲ့အတိုင်း။
"ငါမရှိရင် ဘယ်သူမှ အနိုင်မကျင့်ခံရအောင်နေ"
"ကိုကိုက သူရဲကောင်းကြီးမို့လား"
"ငါက သူရဲကောင်းမဟုတ်ပေမဲ့၊ မင်းကိုတော့ အမြဲကာကွယ်ပေးနေရတယ်လေ မဟုတ်ဘူးလား"ဟုတ်ပါသည် ကိုကိုက သူ့အတွက် အမြဲတမ်းကာကွယ်ပေးနေတဲ့ ဒိုင်းတစ်ခုပင်။
သူ့ကြောင့် ရဲစခန်းရောက်ရသလို၊ ကျောင်းမှာဆိုရင်လည်း ကျောင်းအုပ်ရုံးခန်းထိရောက်ရသည်။ဘာလို့ဆို Seungmin ကို အနိုင်ကျင့်တဲ့သူတွေကို ကိုကိုက လက်ပါတာကြောင့်ပင်
ဟိုဘက်က စကားနဲ့ ထိပါးနေရင် ကိုကိုက သူတို့ကို လက်နဲ့ပါလိုက်ပြီဖြစ်သည်။Seungmin ကို မိဘမရှိပဲ မွေးစားခံရတဲ့သား၊ မွေးစားသားဖြစ်ပြီး သားအရင်းထက်တောင် ကောင်းစားနေတာ၊ ကြီးလာရင်အမွေတွေအကုန် တစ်ယောက်ထဲ ပိုင်စိုးချင်လို့ စသည်စသည်ဖြင့် သူတို့တွေ က ပြောကြသည်။
Seungmin အတွက် ကြားနေကြတွေ ဖြစ်တာမို့ မထူးဆန်းတော့ပေမဲ့ ကိုကိုကတော့ အဲ့လိုစကားတွေကြားတိုင်း သွေးတွေဆူလာတက်သလို ဒေါသအရှိန်ကလည်း တက်လာတတ်သည်။
YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။