Seungmin မနေ့ညက ကျေးဇူးတော်ကြောင့် မနက်ရောက်တော့ မထနိုင်ပေ။
Minho အတွက်က ဘာမှ မဖြစ်တာကြောင့် အစောကြီးနိုးနေပြီး အိမ်ရဲ့ ချီးထုပ်အတွက်ပါ မနက်စာ ပြင်ပြီးနေပြီ ဖြစ်သည်။
ကျောင်းချိန်လည်း သိပ်မလိုတော့တာကြောင့်
နားငြီးခံပြီး နှိုးရလိမ့်အုံးမည်။
အဲ့ကလေးကလေ သူများအိပ်နေရင်သာ မညှာမတာနဲ့ အသံပြဲနဲ့ လိုက်နှိုးနေတာ
သူအိပ်နေရင် ဆူညံတာက အစ မကြိုက်ပေ။KimSeungmin နဲ့ နေရတဲ့ Lee Minho အတွက် မလွယ်လိုက်တာ။
"Kim Seungmin ထတော့၊ အိပ်မနေနဲ့တော့"
ပထမဆုံးအနေနဲ့ တံခါးခေါက်ပြီးနှိုးကြည့်သည်။သို့သော်လည်းမရပါ။
Minho လည်း အခန်းတံခါးဖွင့်ပြီး အခန်းထဲ ဝင်သွားလိုက်သည်။
"Kim Seungmin အိပ်မနေနဲ့ ထတော့ ကျောင်းသွားရမယ်"
စောက်ကိုခေါင်းမြှီးခြုံပြီး အိပ်နေတာ အခုထိတစ်ချက် လှုပ်မလာပေ။
"Kim Seungmin ရေနဲ့လောင်းမှ ထမှာလား"
Minho တစ်ယောက် တကယ်ရေနဲ့လောင်းချထင်စိတ်တွေဟာ တဖွားဖွားပါလေ။
နောက်ဆုံးတော့လည်း ခြုံထားတဲ့စောင်တွေ အကုန်ဆွဲချပြီး လက်ကနေဆွဲထူပြီး ရေချိုးခန်းထဲ အတင်းတွန့်ထည့်ပြစ်လိုက်တော့သည်။Lee Minho ပါလေ အဲ့လောက်စိတ်ရှည်တဲ့သူ မဟုတ်ဘူး။
Seungmin မှာတော့ အိပ်မှုန်စုန်ဝါးနဲ့ ရေချိုးခန်းထဲရောက်လာတာကို ကြောင်ရပ်နေမိသည်။
သူအခုထိ အသိစိတ်မကပ်သေးဘူး။
ခေါင်းတွေကလည်း ကိုက်လိုက်တာ။
ယောက်ျားလေးတစ်ယောက်ပေမဲ့ အယ်ကိုဟောလ် limited ကတော့ သုညပင်။
မနေ့ညက မသောက်ခဲ့ရင် ပြီးနေမှာကို အရူးရဲ့။Seungmin သူ့ကိုယ်သူသာ အပြစ်တင်နေလိုက်တော့သည်။
"Seungminnie အရမ်းကြာမနေနဲ့ မြန်မြန်လုပ်"
"ဟင် ....အင်း"အပြင်ဘက်က ကိုကိုရဲ့ သတိပေးသံနဲ့အတူ အသိကပ်ပြန်ကပ်လိုက်ပြီး ဆေးကြောသန့်စင်လိုက်တော့သည်။
ဆေးကြောပြီးပြန်ထွက်လာတော့ ကိုကိုက ကုတင်ပေါ်ကနေ စိတ်မရှည်တဲ့ မျက်လုံးများဖြင့်ကြည့်နေသည်။
YOU ARE READING
Between Us
Fanfictionနေရာချင်းလဲရအောင်။ ကိုကိုက စောင့်ပေါ့ ကျွန်တော်ကတော့ ပြန်မလာတော့ဘူး။