Between Us 6

131 17 0
                                    

"သွားမယ် ကားပေါ်တက် Seungmin"
"ကျွန်တော့် ဘာသာပဲ သွားမှာ ရတယ်"
"ဟာ ဘာဖြစ်ပြန်တာလဲကွာ"
"လာပြီး စိတ်ပျက်သလို ပြောမနေနဲ့"
"ဘယ်စကားက စိတ်ပျက်သလို ပြောနေလို့လဲ"

ကျောင်းသွားဖို့ ကားပေါ်တက်ခိုင်းတာကို Kim Seungmin က ပေတိပေကပ်လုပ်နေသည်။
Minho လည်းမခေါ်ချင်ပါဘူး။ မေမေတို့က အတူတူသွားဖို့ ပြောလို့သာ ခေါ်နေရတာ။

"ပေတိပေကပ်လုပ်မနေနဲ့"
"ဘယ်သူက ပေတိပေကပ်လုပ်နေလို့လဲ"
"မင်းလေ"

Seungmin တစ်ယောက် မလိုက်မှာလည်း မဟုတ်ပဲ စကားကို အခြေအတင်ပြောနေသေးသည်။

အကြောင်းအရင်းက ပိတ်ရက်ကို အိမ်ပြန်ချင်တဲ့သူနဲ့ Minho က မပြန်ဘူးဟု ပြောခြင်းကြောင့် ဖြစ်သည်။
Minho မှားတာလည်းပါပါသည်။ နေ့တိုင်းတွေ့ပြီး ကျောင်းသွားကျောင်းပြန် အတူရှိနေရတာကို အားလပ်ရက်ထိ အဲ့မျက်နှာကြီး မမြင်ချင်ဘူးဟု ပြောလိုက်ခြင်းဖြစ်သည်။
ပြန်ချင်ရင်လည်း တစ်ယောက်ထဲပြန်ဖို့ပါ ပြောလိုက်မိသည်။

သူမျက်နှာ မမြင်ချင်ဘူးပြောလို့ အခုကျောင်းသွားတော့ သူ့ဘာသာ သွားမည်တဲ့လေ။

"နောက်တစ်ခါ အဲ့လိုစကားပြောရင် ကျွန်တော် မေမေကြီးတို့ကိုပြောပြီး အဆောင်မှာ ပြောင်းနေမှာ"
"အင်း အင်းမပြောတော့ဘူး"
"ကိုယ့်ဂတိသာ ကိုယ်တည်ပါ"

Seungmin မှာ အားကိုးစရာ ကိုကိုသာရှိသည်။
သူက ကိုကို့ကို ကပ်တွယ်နေတော့မည် မဟုတ်တော့တာကလည်း လက်တွေ့မှာ တကယ်မှားပါသည်။ မှီတွယ်စရာက ကိုကိုပဲ ရှိသည်။
သူ့အတွက် ကိုကိုက အမြဲတမ်းလိုအပ်သည်။

အားကိုးအားထားတစ်ယောက်ဆီက ကိုယ့်ကို မလိုအပ်တော့သည်ဟု ပြောခံရတာ အတိုင်းအဆမရှိ ဝမ်းနည်းရသည်။
ဒီစကားက ကိုကို့ဆီကမို့ သူပိုပြီး အားငယ်ရသည်။
သူ့ကို စွန့်ပြစ်သွားမှာ ကြောက်သည်။ သူကိုယ်တိုင်က အရွယ်ရောက်နေပြီမို့ ဒါတွေထိ လိုက်ခံစားနေစရာ မလိုဘူးဟု ဆိုသော်လည်း
ထိုစကားဟာ ကိုကိုပြောတဲ့ စကားမို့ သူ့အတွက်တော့ လေးနက်သည်။

တစ်လမ်းလုံး စကားမပြောကြပဲ ကားထဲက လေထုက တိတ်ဆိတ်လျက်ပင်။

Between Us Where stories live. Discover now