"မင်းနာမည်က... Yuri နော် .. လာ ဒီနားလာခဲ့ Yuri"
သွေးအေးအေးနဲ့ အမိန့်ပေးလာတဲ့ ထိုအသံက တိတ်ဆိတ်နေတဲ့ ဧည့်ခန်းကို ဖြိုခွင်းလိုက်သလို သူမ နှလုံးခုန် ရပ်မတတ် ဖြစ်သွားရတဲ့အထိပင်။
ခြေလှမ်း ၇ လှမ်းစာလောက် အဝေးကနေ ရပ်နေတဲ့ သူမ၊ သူ့အနားကို မသွားရဲ။
ခေါင်းငုံ့ပြီးရပ်နေရာကနေမှ ဖြည်းဖြည်းချင်း သူမ အရှေ့၊ ဆိုဖာခုံတန်းရှည်မှာ ပေါင်ချိတ်ပြီး ထိုင်နေတဲ့ ထိုအသံပိုင်ရှင် အမျိုးသားကို မရဲတရဲ ကြည့်လိုက်မိသည်။
"ဟင် ..."
မြင်လိုက်ရတဲ့ သူမ မျက်လုံးများကို မယုံနိုင်။
တလက်လက် ငွေရောင်ဆံပင်၊ စူးစူးရှရှ မျက်လုံးပြာ၊ ယောက်ျားပီသတဲ့ ရင်အုပ် အချိုးအဆစ်နဲ့ ရုပ်ရည် ချောမောခန့်ညားတဲ့ အမျိုးသားတစ်ဦး။
ထိုလူကို သူမ ငေးကြည့်ရင်း အံ့ဩမှင်သက်နေမိသည်။
"လာခဲ့လို့ ငါ ပြောနေတယ်လေ Yuri"
သူ့အသံကြောင့် ရုတ်တရက်ဆိုသလို သူမ သတိပြန်ဝင်လာပြီး သူ့အနားကို မရဲတရဲ လှမ်းသွားလိုက်သည်။
သူမရဲ့ နာခံမှုကြောင့် သူ ကျေနပ်ကာ ပြုံးလိုက်ပြီး
"ဒီလိုမှပေါ့ .. ဒူးထောက်လိုက် Yuri .. "
သူမ သူ့အမိန့်အတိုင်း ဖြည်းဖြည်းချင်း ဒူးထောက်လိုက်ပြီး ခေါင်းငုံ့ထားမိသည်။
"ငါ့အကြောင်းကို Kuro ပြောထားလို့ မင်း သိပြီးလောက်ပြီထင်တယ်၊ ငါ့နာမည် Aoi ၊ မင်းကို ငါ ပိုင်တယ်၊ ငါက မင်းရဲ့သခင်ပဲ"
သူ စကားပြောရင်း သူမရဲ့ လည်ပင်းကို သူ့ခြေမဖြင့် ပွတ်သပ်နေသည်။
"ဒီနေရာက မင်းနေရမယ့် အိမ်၊ ငါပြောတဲ့အတိုင်း မင်း လုပ်ရမယ်၊ ငါ့စကား မင်း နာခံရမယ်၊ တကယ်လို့ မင်း ... ငါ့စကားကို ငြင်းဆန်ရင် ... ငါ့ကို ပုန်ကန်ရင်တော့ ...."
သူ့စကား ခဏရပ်သွားပြီး ညာဘက်လက်က သူမ ဆံပင်များကို ဆုပ်ကိုင်လိုက်ကာ သူမ ခေါင်းကို မော့ပစ်လိုက်သည်။
"အပြစ်ပေးခံရမယ်ဆိုတာ မင်း သေချာမှတ်ထား"
စူးရှတဲ့အကြည့်နဲ့ သွေးအေးအေးနဲ့ ခြိမ်းခြောက်သည့် စကားက သူမ တကိုယ်လုံးကို ကြောက်စိတ် ဝင်ကာ တုန်လှုပ်သွားစေသည်။
"အော် ... မင်း လုပ်ရမယ့် တာဝန်နဲ့ စည်းကမ်းတွေ ငါပြောဦးမယ်"
သူ တခုခုကို သတိရသွားကာ သူမ ဆံပင်များကို ညင်ညင်သာသာ လွှတ်လိုက်ပြီး ဆိုဖာတွင် ပြန်မှီထိုင်လိုက်သည်။
"ဒီအိမ်ကနေ မင်း ထွက်ခွင့် မရှိဘူး။ ဘယ်သူ့ကိုမှ အဆက်အသွယ် မလုပ်ရဘူး။ မင်း လိုအပ်တာ မှန်သမျှ Kuro ကို ပြော၊ သူ လုပ်ပေးလိမ့်မယ်"
"နောက်ပြီး ... မင်းရဲ့ duty ချိန် တနေ့လုံးမှာ Maid dress ကို ဝတ်ရမယ်၊ ဟင်းချက်တာ ထမင်းချက်တာ အပြင် ဒီအိမ်ရဲ့ သန့်ရှင်းရေး တခုလုံးက မင်း တာဝန်ဖြစ်လို့ မင်း လုပ်ရမယ်၊ Maid dress တွေကို မနက်ဖြန် မနက် Kuro ယူလာပေးလိမ့်မယ်"
"နောက်တခုက ..."
ရုတ်တရက်ဆိုသလို လက်မောင်းကနေ ဆွဲမ ခံလိုက်ရပြီး သူမ တကိုယ်လုံး သူ့ရင်ခွင်ထဲရောက်သွားသည်။
"ငါ မင်းကို ဘာလုပ်လုပ်... မင်း ခံရမယ် ... "
သူ့စကားအဆုံး၊ သူမ လည်ပင်း ပူထူသွားကာ နာကျင်မှုကြောင့် မျက်ရည်ဝဲတက်သည်အထိ ဖြစ်သွားရသည်။
Kiss mark ဆိုတာ ဒါတဲ့လား ... ။
သူမ မကြိုက်ပေမယ့် သူ့ကို မပြောဝံ့ပေ။"မင်းက ငါ့ရဲ့ sex maid ပဲ Yuri ... ဒါက ငါ့ အပိုင်ဖြစ်ကြောင်း အမှတ်အသားပဲ ... "
ခပ်တိုးတိုးပြောရင်း ဖြူဖွေးကျော့ရှင်းတဲ့ သူမ လည်ပင်းလေးပေါ်က hickey ကို သူ ပွတ်သပ်ရင်း ပြုံးရယ်လိုက်သည်။
"အခု ... ငါ မင်းကို ... စားချင်ပြီ Yuri"
သူမရဲ့နား,နားကိုကပ်ပြောတဲ့ သူ့ အသံက သူမ ကျောရိုးထဲ စိမ့်လောက်အောင် ရင်တွေ ဒိန်းခနဲ။
"Aoi - sama ..."
----------------------
>> ဆက်ရန်[ - sama : ကိုယ့်ထက် ရာထူးကြီးသည့်၊ အဆင့်အတန်း မြင့်သည့် ပုဂ္ဂိုလ်များကို လေးစားမှုဖြင့် နာမည် နောက်မှာ ထည့်ခေါ်သည့် အသုံးအနှုန်း ]
![](https://img.wattpad.com/cover/359626680-288-k566270.jpg)
ESTÁS LEYENDO
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Romanceအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...