အခန်း (၄) သူ၏လူယုံတော်

5.9K 37 0
                                    

{ 8:30PM ၊ တရုတ်နိုင်ငံ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားသည့်လမ်းပေါ် }

"Kuro သူတို့ အိပ်ဆေးက ဘယ်နှနာရီဆို သတိရလာမယ်လို့ ပြောလဲ"

Aoi သူ့ပေါင်ပေါ်မှာ ခေါင်းအုံးလျက် အိပ်မောကျနေသည့် Yuri ကို ကြည့်ရင်း၊ သူမရဲ့အညိုရောင် ဆံနွယ်အလိပ်လေးများကို ကိုင်တွယ်နေကာ driver ဘေးခုံမှာ ထိုင်နေသည့် Kuro ကို လှမ်းမေးလိုက်သည်။

"၂၄ နာရီလို့ ပြောပါတယ် Aoi-sama"

"ဟိုရောက်တာနဲ့ ငါ Korea ဘက်ကိုပြန်ထွက်ရဦးမှာ၊ မင်း မလိုက်ခဲ့နဲ့တော့၊ သူ့ကို ငါ့အိမ်သစ် ခေါ်သွားပြီး သေချာ စောင့်ကြည့်ထား"

"ဟုတ်ကဲ့ Aoi-sama"

"ဒီကိစ္စ ဘယ်သူမှမသိအောင် ဂရုစိုက် Kuro"

"ဟုတ်ကဲ့"

"နောက်ပြီး ... သူ လုံးဝထွက်မပြေးစေနဲ့ ကြားလား"

"ဟုတ်ကဲ့ နားလည်ပါပြီ Aoi-sama"

{ Time: 7:45PM
Place: Aoi's Mansion }

"ငါ .. ဘာဖြစ်သွားတာ ... ဟင်"

ကုတင်တခုပေါ် ရောက်နေတာ သိသိချင်း သူမ ထထိုင်မိသည်၊ သူမကိုယ်သူမ အထိတ်တလန့် ပြန်ကြည့်မိတော့ ခြောက်ခြားသွား။

"ဒီအင်္ကျီက ဘာလဲ !"

"နိုးလာပြီလား ... "

"အားးးး"

သူမ လန့်ဖျတ်ကာ အော်မိသွား။ အခန်းထဲ လူတယောက် ရှိနေမှန်း မသိခဲ့။

"ရှင် - ရှင်က ဘယ် ဘယ်သူလဲ ၊ ဘာလို့ ကျွန်မက .. ဒီ‌မှာ ရောက်နေရတာလဲ၊ သူဌေး .. သူဌေးနဲ့ ရုံးခန်းမှာ စကား ပြောနေခဲ့တာ.. မလား .. ဘာ ဘာတွေ ဖြစ်ကုန် ... အား .. ခေါင်းကိုက်လိုက်တာ ... "

"မိန်းကလေး မင်း တိတ်တိတ်နေလိုက်တော့၊ ငါ့နာမည် Kuro .. ငါ အားလုံး ပြောပြမယ်"

သူမ ခြောက်ခြားစွာ တရစပ် ရေရွတ်နေသံကြောင့် Kuro ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်နေရာမှ ထကာ သူမဆီ လျှောက်သွားပြီး‌နောက် ကုတင်ပေါ် ထိုင်လိုက်သည်။

"မင်း အိပ်ဆေးမိပြီး ရောင်းစားခံလိုက်ရတယ်၊ လိင်ကျွန်အဖြစ်"

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Onde histórias criam vida. Descubra agora