အခန်း (၈) ပုံစံနှစ်မျိုးနဲ့လူ

19.5K 112 0
                                        

{ Time: 7pm | Place: Aoi's mansion }

Aoi ရဲ့ အခန်းထဲကနေ ပြေးထွက်လာတဲ့ Yuri

အပေါ်ထပ်ကို အလျင်အမြန် ပြေးတက်ရင်း ရှိသမျှ ပြတင်းပေါက်များကို လိုက်ဖွင့်ပေမယ့် မပွင့်ချေ။

"ဘာလို့လဲ!?"

ပြတင်းပေါက် အားလုံး အပြင်ဘက်ကနေ lock ကျနေတာ သူမ နားမလည်နိုင်ချေ။ ဘယ်လိုမှ ဖွင့်မရတဲ့အဆုံး သူမ အိပ်တဲ့အခန်းဆီ ပြေးကာ pin no. ဖွင့်ဝင်ပြီး ပြန် lock ချလိုက်သည်။

"ငါ ဘယ်လိုလုပ်ရမလဲ .. "

ကြောက်စိတ်ကြောင့် သူမ တဆတ်ဆတ် တုန်ရင်း ငိုနေမိသည်။ အစက Aoi ဆိုတဲ့သူ စိတ်ကျေနပ်စေဖို့ သူပြုသမျှအနုခံရင်း ကြိုးစား အသက်ရှင်ဖို့ စိတ်ကူးရှိပေမယ့် ထိုလူက လူမဟုတ် .... မကောင်းဆိုးဝါးအလား .. ။

ဟုတ်တယ် ... ရူးနေတဲ့သူ ... ။

သူနဲ့ အိပ်ဖူးတဲ့ အခြားသူတွေ ဘယ်လိုများ ခံနိုင်ရည် ရှိကြလဲ သူမ စဉ်းစားလို့မရ၊ သူမအတွက်ကတော့ အချိန် ခဏလေးတင် ထိုလူက ကြောက်စရာကောင်းလွန်းသည်။

"ဒုန်းး ဒုန်းး"

"အားး"

ရုတ်တရက် မြည်ဟိန်းသွားတဲ့ အခန်းတံခါး ထုတဲ့ အသံကြောင့် သူမ လန့်ဖျတ်ကာ အော်လိုက်မိသည်။

မကြာခင် သူ ဝင်‌လာတော့မှာ ... ။
သူမ လုံးဝကို ပိတ်မိနေပြီလား။

ခြေဖျား လက်ဖျားတွေ အေးစက်ကာ ချွေးစေး ပြန်နေသည်ကိုပင် သူမ သတိမထားနိုင်ပဲ အခန်းတွင်းရှိ ရေချိုးခန်းထဲ ပြေးဝင်ကာ lock ချ လိုက်ပြီးနောက်

သူမ ခြေလှမ်းတို့က သုံးလေးလမ်းလောက် လှမ်းအပြီး ယိုင်နှဲ့လာကာ

မိုက်ခနဲ မေ့လဲကျသွားတော့သည် .... ။

.
.

တချိန်ထဲမှာ -

Yuri ရဲ့ အခန်းတံခါးရှေ့ မှာ ရောက်နေတဲ့ Aoi
သူမ အခန်းရဲ့ pin no. ကို နှိပ်ဖွင့်လိုက်ပြီး
ဖြည်းဖြည်းချင်း ဝင်လာရင်း

"Yuri ... Yuri ... မင်း ပြေးမလွတ်နိုင်တာ နားမလည်ဘူးလား ... အခုချက်ချင်း ထွက်လာခဲ့စမ်း !! "

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Where stories live. Discover now