အင်္ကျီဆိုင်က အထွက်၊ စားသောက်ဆိုင်တခုမှာ နေ့လည်စာ ဝင်စားကြပြီးနောက် Aoi ကားလေးက ကစားကွင်းဆီသို့ ဦးတည်လျက် ......
{
Yuri's Birthday, 22 Nov
Time: 4PM
Place: Yomiuriland Amusement Park, Tokyo
}
"ဒါ စီးချင်တယ် Aoi-sama!"
"စီးလေ ငါလက်မှတ်ဖြတ်လိုက်မယ်"
ကလေးလေးတယောက်လို ခုန်ပေါက်ကာ Roller coaster ကို လက်ညှိုးထိုးရင်းပြောတဲ့ သူမကြောင့် သူ ပြုံးနေမိ။
တကယ် သူ့အဖြစ်က ကလေးထိန်းရသလို။
သူမ လက်လေးကို မလွတ်တမ်း ဆုပ်ကိုင်ထားရင်း သူမ လက်ညိုးညွှန်သမျှနောက် အကုန် လိုက်လျောနေမိတာ။
အသက်အရွယ် ကွာဟမှုကြောင့်လားလည်း မသိ။ ကစားကွင်းထဲ စီးစရာ၊ ကစားစရာများက သူမအတွက် excited ဖြစ်စေပေမယ့် သူ့အတွက်က ပျင်းစရာ။
ဒါပေမယ့် အရင်က တခါမှ သူ မမြင်ဖူးခဲ့တဲ့ ....
excited ဖြစ်ကာ ပျော်ရွင်နေတဲ့ သူမပုံစံလေးကို ကြည့်နေရတာတော့ သူနှစ်ခြိုက်မိတာ အမှန်ပင်။
"မင်း တော်တော်ပျော်နေတယ်ပေါ့လေ Yuri"
Roller coaster ရဲ့ တတိယတန်းခုံထဲ ဝင်ထိုင်လိုက်ရင်း ဘေးက သူမကို ပြောတော့ ...
"ဟုတ် ! ပျော်တယ် Aoi-sama!"
"..............."
သူ့ကို ရယ်ရင်း ပြန်ပြောလာတဲ့ သူမ မျက်နှာလေးကို သူ ငေးမောသွားမိ။ အပြစ်ကင်းစင်တဲ့ ကလေးလေး တယောက်လို သူမ သိပ်ချစ်ဖို့ကောင်းတာ။
"Aoi ... sama .... "
"ဘာဖြစ်လဲ"
"ကြောက် .. ကြောက်လို့ .. "
Roller coaster စထွက်ပြီး အမြင့်ကို တက်နေချိန်လည်း ရောက်ရော သူမ အသံက အစောတုန်းက အသံနဲ့ မတူ၊ လေသံ ပြောင်းသွား။
"မင်း ... စီးတုန်းက စီးချင်ပြီး အခုမှ ကြောက်နေ၊ ကြောက်ရင် အစကတည်း မစီးပါနဲ့လား ဘာလို့ စီးလဲ"
သူ ခပ်တိုးတိုး ဟောက်လိုက်မိ။
"Yuri မှ တခါမှ မစီးဖူးတာ .. အဲ့ကြောင့် စီးချင်တာကို ... Aoi .. sama ကလည်း ..."
သူမတယောက် အသံတုန်နေသည့်ကြားက ပွစိပွစိ ပြန်ပြောနေ။
"ဘာမှမဖြစ်ဘူး ဒါက ခဏလေး စီးရတာ၊ ခဏနေရင် ပြီးသွားလိမ့်မယ် ဟုတ်ပြီလား"
BẠN ĐANG ĐỌC
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Lãng mạnအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...
