{ Time: 9PM
Place: Dining room of Aoi's mansion }"ခေါက်ဆွဲပြုတ် စားလိုက်ဦး၊ ငါ အသီးအရွက်နဲ့ ပုစွန်ထည့်ပြီး ပြုတ်ထားပေးတယ်၊ မင်း ဝိတ်မတက်အောင်"
" ... ကျေးဇူးတင်ပါတယ် Kuro-san ... "
ထမင်းစား စားပွဲမှာထိုင်ထိုင်ချင်း သူမ ရှေ့ချပေးသော ခေါက်ဆွဲပြုတ်ကြောင့် Kuro-san ကို သူမ ပြုံးပြရင်း ကျေးဇူးတင်မိသည်။
"အခုလက်ရှိ မင်းရဲ့ကိုယ်လုံးနဲ့ အသားအရေက အပြစ်ပြောစရာမရှိဘူး... လှပြီးသားဆိုပေမယ့်လည်း အစားအသောက်ကို သတိထားပြီး စားသောက်ရမယ် မိန်းကလေး၊ ဝိတ် မတက်အောင် ... နောက်ပြီး ဝိတ် မကျအောင် ထိန်းထားနိုင်ဖို့ လိုတယ်၊ အဓိကက မင်းခန္ဓာကိုယ် ကျန်းမာနေဖို့ပဲ"
Kuro ကော်ဖီဖျော်ရင်းနဲ့မှ သူမကို တချက်ရှိုးလိုက် ပြီးနောက် ဆက်ပြောနေသလို သူမကတော့ ခေါက်ဆွဲစားပြီး နားထောင်နေဆဲ။
"မနက်ဖြန် မနက် ဒီကို ဆရာဝန်လာလိမ့်မယ်၊ ကိုယ်ဝန် တားဆေးအတွက် မင်း လက်မောင်းထဲ ပစ္စည်းသွင်းဖို့ Aoi-sama ခေါ်ထားပေးတယ်"
"ကိုယ်ဝန် ... တားဆေး ... "
Kuro စကားကြောင့် ခေါက်ဆွဲပြုတ် စားနေတဲ့ သူမ တုံ့ခနဲရပ်သွားပြီး တအံ့တဩဖြစ်သွား။
"အင်း ဟုတ်တယ်၊ ၅ နှစ်လောက် ခံမယ့် သန္ဓေတားဆေး implant သွင်းရမယ်၊ မင်းရဲ့ လက်မောင်း အရေပြား အောက်မှာ ထည့်မှာ ၊ ပလတ်စတစ် အပျော့ချောင်းလေးပါ၊ နာတာတို့ စူးတာတို့ မဖြစ်လို့ စိတ်မပူနဲ့"
"မထည့် .... မထည့်လို့ မရဘူးလားဟင်"
လက်မောင်း အရေပြားထဲ ပစ္စည်းထည့်ရမယ် ဆိုတာနဲ့တင် သူမ ကြောက်ပြီး စောဒကတက်တော့ Kuro တယောက် ရယ်လိုက်ပြီး
"မင်းက ကိုယ်ဝန်ဆောင်ချင်လို့လား၊ မင်း ကလေး ရချင်လည်း Aoi-sama က ခွင့်မပြုဘူး၊ သူနဲ့ sex လုပ်ချင်တဲ့ မိန်းမတိုင်း တားဆေး သုံးရတယ်၊ သူကိုယ်တိုင်လည်း ကွန်ဒုံး သုံးတယ်၊ ဘယ်မိန်းမကိုမှ ကလေး ပေးမယူဘူး"
"ဟင် ဒါဆို Aoi-sama လက်ထပ်ထားတဲ့ မိန်းမတွေ အများကြီး ရှိတာလား"
ESTÁS LEYENDO
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Romanceအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...