အခန်း (၁၁) အဆာပြေမုန့်လေး

6.2K 40 1
                                    

{
⏩ 3 Months Later
Time: 8AM
Place: Aoi's Mansion
}

ပြတင်းပေါက်မှန် သုတ်နေတဲ့ Yuri အကြည့်က အပြင်ဘက်ကို ရောက်သွားကာ သက်ပြင်းချမိသည်။

သူမ လောကကြီးနဲ့ အဆက်အသွယ် ပြတ်တာ သုံးလလောက် ကြာခဲ့ပြီလေ။

Maid တယောက်အနေနဲ့ အလုပ်ကို အကောင်းဆုံး ကြိုးစားပြီး လုပ်ပေမယ့်လည်း ဒီ Mansion ရဲ့ အပြင်ဘက်ကို ထွက်ခွင့် မရ။

Aoi နဲ့ Kuro ၊ ထို ယောက်ျားနှစ်ယောက်က လွဲပြီး ဘယ်သူနဲ့မှလည်း စကားပြောခွင့် မရှိသေးချေ။

ဒီမှာ သူမ အကောင်းဆုံးနေရ၊ စားရပေမယ့်လည်း ဒါက သူမ လိုချင်ခဲ့တဲ့ဘဝ မဟုတ်။

သိပ်အတ္တကြီးတဲ့ Aoi ဆိုသူက သူမ ကိုယ်ခန္ဓာကော၊ သူမ အိမ်မက်တွေပါ တစစီ ဖျက်စီးနေတဲ့သူ ... ။

"ငါဘဝကို ဒီမှာ ဒီလိုပဲ အဆုံးမသတ်ချင်ဘူး .. "

ငယ်ရွယ်သူဖြစ်တဲ့သူမ၊ ဒီကနေ လွတ်မြောက်ချင်တဲ့စိတ်က ပြင်းပြနေသလို လာကယ်ထုတ်နိုင်မယ့် လက်တစုံကို သူမ မျှော်လင့်မိနေဆဲ။

"Yuri ... "

ရုတ်ချည်းဆိုသလို သူမခါးလေး အနောက်ကနေ တစုံတဦးရဲ့ သိုင်းဖက်ခြင်း ခံလိုက်ရတာကြောင့် မှန်သုတ်နေတဲ့ သူမလက်တွေ ရပ်တန့်သွားသည်။

ထိုလူပဲလေ။ Masahiro Aoi ။

သူ အိမ်မှာရှိပြီဆို သူမမှာ အမြဲတမ်း သူ့လက်ထဲ အရုပ်ကလေးတခုလို ဆော့ကစားခံရ။ အလုပ်များရင်တောင် အချိန်ရရင် ရသလို သူမကို sexual abuse လုပ်တဲ့လူ၊ သူ ခရီးထွက်နေတာပဲ ကောင်းသည်။

"Yuri ... "
အခုလည်းကြည့်ပါလား မနက်ပဲ ရှိသေး။ အိပ်ယာက နိုးနိုးချင်းဆာနေပြီဆိုတာ သူ့အသံက အချက်ပြနေပြန်။

လက်ရှိ သူမဘဝက သူ ဆာလာရင် ကြိုက်တဲ့အချိန်၊ ကြိုက်သလို လာစားလို့ရတဲ့ အဆာပြေမုန့်‌လေး တခု သက်သက်သာ။

"Aoi-sama...."
အသတ်ခံရမယ့် သိုးလေး တကောင်လို သူ့လက်ထဲမှာ သူမ ငြိမ်သက်နေပေးလိုက်သည်။

Aoi တယောက် သူမရဲ့အလိုက်သိတဲ့ ပုံစံလေးကြောင့် ပြုံးမိလိုက်ပြီး

"မင်း အရမ်း .. လိမ္မာလာတာပဲ Yuri .."
သူမ နား,နားကပ်ကာပြောရင်း ..

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Onde histórias criam vida. Descubra agora