{
Time: 11AM
Place: House of Masahiro Kou
}
"Aoi-san ရဲ့ ကောင်မလေးကို ခေါ်လာခဲ့ပါပြီ Kou-sama"
"ဟင် .. ! မင်း .. မင်း .. မင်းက ..."
Masahiro Kou မြင်ရတဲ့ သူ့ မျက်လုံးများကိုပင် မယုံနိုင်။ ဓာတ်ပုံတွေထဲမှာ သူ့သား လက်တွဲထားတဲ့ မိန်းကလေး မျက်နှာကို သေချာ မမြင်ခဲ့ရတာ။
အခု ... သူ့ body guard Yone ရဲ့ အနောက်က လိုက်ဝင်လာတဲ့ ကလေးမလေးက ... ။
"မင်း နာမည် ... ဘယ်လိုခေါ်လဲ"
"Yuri ပါ ... "
သူမကို ကြည့်ရင်း ရှေ့ာခ်ဖြစ်သွားပုံရသည့် Aoi ရဲ့ ဖခင် ဆိုသူကို သူမ နားမလည်နိုင်စွာ ကြည့်နေမိသည်။
"Yuri မင်းရဲ့ ... အမေ နာမည်ကကော ..."
"Satomi Suzu..."
Masahiro Kou သူ့ စိတ်ထဲ မဖြစ်နိုင်ဘူးလို့ အခါခါ ငြင်းဆန်ခဲ့ပေမယ့်လည်း တကယ်ပဲ ဒီကလေးမက။
"Kou-sama! အဆင်ပြေရဲ့လားး"
Yuri နဲ့ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေရင်းမှ ပျော့ခွေကာ လဲကျမတတ်ဖြစ်သွားသော Kou ကို Yone တယောက် အလျင်အမြန် သွားထိန်းလိုက်သည်။
"မင်း .. မင်းရဲ့ အဖေ နာမည်က Leo Wu လား ..."
Kou အသံတွေ တုန်ရီနေ။
"ဦးလေး ဘယ်-ဘယ်လို သိတာလဲ .. Yu-Yuri မိဘရဲ့ နာမည်ရင်းတွေကို ပါပါး၊ မာမား နဲ့ Yuri ပဲ သိတာ"
သူမ မျက်လုံးများဝိုင်းစက်ကာ တအံ့တဩ။ ဘာကြောင့် ထိုလူက သူမရဲ့ မိဘတွေကို သိနေရတာလဲ။
အစက သူမ မိခင်ရဲ့ နာမည်တုကိုပဲ ပြောလိုက်မလို့ စဉ်းစားပေမယ့် ဆုံးသွားပြီမို့ ဘာမှ မဖြစ်လောက်ဘူး ထင်ပြီး နာမည်ရင်းကို ထုတ်ပြောလိုက်တာပင်။
"လာ .. ဒီမှာ လာထိုင် .. ငါ အားလုံး ပြောပြမယ်"
သူမ ထိုသူရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်ရင်း ငြိမ်သက်စွာ နားစွင့်နေမိသည်။
"နောက်ဆုံးတခု ငါမေးချင်တယ် .."
"ဟုတ် ..."
"Yuri မင်းရဲ့ ညာဘက် ခြေဖဝါးအောက်မှာ ... မှဲ့လိုလို အမှတ်တခု ရှိတယ်မလား .."
BẠN ĐANG ĐỌC
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Lãng mạnအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...
