{
⏩ 2 Years Later
Time: 6:15 pm
Place: Bulgari II Ristorante Luca Fantin, Italian restaurant, Tokyo
}သမီးဖြစ်သူ Yuri ပြန်ရောက်ချိန် သားသမီးတွေနဲ့အတူ မိသားစုညစာစားဖို့ စီစဉ်သူက Masahiro Kou
သူ့ရဲ့အစီအစဉ်အတိုင်း စားသောက်ဆိုင်ရဲ့ 4 ယောက်ဝိုင်းမှာ အရင်ဆုံးရောက်ကာ ထိုင်စောင့်နေသူတွေက Masahiro Aki နဲ့ Masahiro Aoi ရယ်။
"ငါမှာ အဖေတူ အမေကွဲ ညီမလေး ရှိမယ်လို့ မတွေးမိခဲ့ဘူး၊ အဖေ ပြောလာတော့ ငါအတော်လေး ရှော့ခ်ရတာကွာ၊ မင်းကော Aoi"
Aki သူ့ဘေးမှာထိုင်နေသည့် သူ့ညီ Aoi ပခုံးကို ပုတ်ကာ မေးတော့ Aoi တယောက် ခပ်မဲ့မဲ့ပြုံးမိ။ သူ့ အစ်ကို Aki က ရှော့ခ်ပဲရတာ၊ သူ့မှာတော့ ကမ္ဘာကြီးတခုလုံး ဖျက်စီးခံလိုက်ရတာ။ ဒါကို Aki သိပုံမပေါ်။
"ပျော်တယ်လေ ညီမလေး ရလိုက်တော့ ... "
Aki အမေးကို သူ ရွဲ့ဖြေပြီး ရေသောက်နေချိန် ရုတ်တရက် သူနဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်တဲ့ ကောင်မလေးကို ကြည့်မိလိုက်ရာ -
"Yu .. Yuri ...."
သူ့ ရင်တွေ ဒိန်းခနဲဖြစ်သွား။လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး သူမကို လိုက်မရှာတော့ပဲ
မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင် သူအလုပ်ထဲပဲ အသည်းအသန် စိတ်နှစ်ထားခဲ့မိတာ။Yuri ကို သူ့ညီမလေးအဖြစ် မြင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တကယ်တမ်း သူမကို မြင်လိုက်ရတော့ ....
"တောက် ....."
သူ့စိတ်တွေ မတည်ငြိမ်သေးပါလား။"ဟ ဟား ဒီအလှလေးလား Yuri ဆိုတာ၊ အဖေ ပြောပြောနေလို့ တွေ့ချင်နေခဲ့တာ၊ အစ်ကို့ နာမည်က Masahiro Aki ပါ၊ တွေ့ရတာ ဝမ်းသာတယ်နော်"
"ဟုတ်ကဲ့ Aki Ni-san .. တွေ့ရတာ ဝမ်းသာပါတယ်"
"အားယား ~~ ချစ်ဖို့ကောင်းလိုက်တာ"
Aki ရယ်မောကာ Yuri ခေါင်းလေးကို ပုတ်ရင်း ပြောတော့ Aoi မျက်နှာတင်းမာသွား။ ဒါကို အကင်းပါးပါး မြင်သူက သူတို့ ဖခင် Kou ။
"Aki မင်း ငါ့သမီးကို လက်လွတ်စပယ် မထိနဲ့"
"ဟာဗျာ အဖေကလည်း အူတိုလိုက်တာ၊ ဟေ့ကောင် Aoi နှုတ်ဆက်လိုက်ဦးလေ ငါတို့ ညီမလေးကို"
VOCÊ ESTÁ LENDO
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Romanceအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...