အခန်း (၆) ကြမ်းရင် ခံနိုင်မလား

7.8K 35 0
                                    

{ The next Day | Time: 5pm | Place: Aoi's mansion }

"ပြန်ရောက်ပါပြီလား Aoi-sama ၊ ကျွန်တော်က နောက်ကျမယ် ထင်နေတာ"

"အင်း meeting ပြီးပြီးချင်း ပြန်လာလိုက်တာ ... Yuri ဘယ်မှာလဲ ... "

အိမ်ထဲဝင်ဝင်ချင်း သူမကို မမြင်တော့ မေးမိ။

"မိန်းကလေး Yuri သူ့အခန်းမှာ အိပ်ပျော်နေပါတယ်၊ ခေါင်းကိုက်လို့ ခဏအိပ်မယ်ဆိုပြီး ‌ညနေ (၄) နာရီ လောက်က အိပ်သွားတာ ... တားဆေး side effect ကြောင့် ဖြစ်မယ်"

"ဟုတ်လား ... "

သူ ဧည့်ခန်းထဲသွားကာ ဆိုဖာခုံပေါ် ‌ထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်ကာ ငြိမ်သက်နေမိသည်။

"Aoi-sama ခရီးပန်းလာပုံရတယ်"

ချက်ချင်းဆိုသလို Kuro တယောက် ရေတဖန်ခွက် သွားယူကာ Aoi လက်ထဲ ထည့်ပေးလိုက်သည်။

"ငါတို့ Group အောက်က IT ပိုင်းဆိုင်ရာ company တခု Korea မှာ တိုးချဲ့ဖို့ရှိတာလေ .. "

"ဟုတ်ကဲ့"

စကားရပ်ကာ Kuro ပေးသည့် ရေကို သူ ကုန်အောင် မော့သောက်လိုက်ပြီးမှ စားပွဲပေါ် ဖန်ခွက် ထား,ထားလိုက်သည်။

"ဒီနေ့ meeting မှာ confirmed ဖြစ်ခဲ့ပြီ Kuro ၊ အဲဒါ နောက်တပတ်ထဲ လိုအပ်တာ စီစဉ်ပေးဖို့ မင်း Seoul ကို သွားလိုက်ဦး"

"ဟုတ်ကဲ့ သွားလိုက်ပါ့မယ် Aoi-sama"

"အော် တခုကျန်သေး .. "

သူ လိပ်စာကဒ် တခုကို Kuro ဆီ ပေးလိုက်ပြီး

"Yuri အတွက် Maid dress တွေ ငါ မှာထားတာ ရှိတယ်၊ မနက်ဖန်မနက် မင်းသွားရွေးပြီး ဒီကိုလာပို့"

"ဟုတ်ကဲ့ပါ Aoi-sama "

Kuro တယောက် Aoi ပေးသည့် လိပ်စာကဒ်ကို ဘောင်းဘီ အိတ်ကပ်ထဲ ထည့်လိုက်ပြီးနောက် ရုတ်တရက် တစုံတခုကို သတိရသွားကာ

"Aoi-sama ကျွန်တော် ပြန်လိုက်ရတော့မလား၊ ခဏနေရင်တော့ မိန်းကလေး Yuri နိုးလာတော့မှာ"

Aoi ရဲ့ လူယုံ ပီသစွာ အလိုက်သိ ပါးနပ်တဲ့ Kuro ၊
Yuri ကို ဆာနေလိမ့်မယ်ဆိုတာ ရိပ်မိလို့ ရှောင်ပေးဖို့ အသင့် ဖြစ်နေတာ။

"အင်း မင်း ပြန်လို့ရပြီ"

"ဟုတ်ကဲ့ သွားခွင့်ပြုပါဦး"

ခေါင်းညွှတ်နှုတ်ဆက်ကာ Kuro ထွက်သွားပြီး မကြာလိုက်၊ လှေကားကနေ ဆင်းလာသည့် ခြေသံတသံကြောင့် သူ ဆိုးညစ်စွာ ပြုံးလိုက်မိသည်။

"ငါ့အရုပ်လေး နိုးလာပြီပေါ့လေ"

လေလံပွဲမှာ အဲဒီ အရုပ်မလေးကို မြင်လိုက်ကတည်းက သူ ဆော့ချင်နေခဲ့တာ ... ။

ငယ်ငယ်လေးကတည်းက သူ့အကျင့်က သူကြိုက်တဲ့အရုပ်ရပြီဆို ဘယ်သူ့ကိုမှ ပေးမကိုင်၊ အထိမခံ။

ကြိုက်ပြီဆို အမြဲတမ်းဆော့ပြီး ငြီးငွေ့တယ်ဆိုတာ မရှိ၊ ဒါ့အပြင် မပျက်စီးမချင်း ဆော့တတ်သူ။

သက်မဲ့အရုပ်တွေက သူအဆော့ကြမ်းတာ မခံနိုင်ဘူးဆို အခု သက်ရှိ ဒီအရုပ်မလေးကရော ... ?

သူ့ဒဏ် ခံနိုင်ရည်ရှိပါ့မလား တွေးမိရင်း

ဧည့်ခန်းထဲ သူ ထိုင်နေတဲ့‌နေရာဆီ ခေါင်းငုံ့ မျက်လွှာချကာ ဖြည်းဖြည်းချင်း လျှောက်လာသော သူမကို သူ စိုက်ကြည့်နေမိသည်။

ဖွေးဥသွယ်လျတဲ့ ပေါင်တံ ...
ဖွံ့ထွားတဲ့ ရင်အစုံ ...
နှင်းဆီဖူးလို နှုတ်ခမ်းလေး ..

ပိုးဖဲသား တစ်လုံးကြိုး ဂါဝန်အနက်‌ရောင်လေး‌နဲ့
ဖမ်းစား ညှို့ယူနိုင်လွန်းတဲ့ အရုပ်မလေး သူမကို

သူ ဆာလောင်စွာ ကြည့်နေမိရာ ရုတ်တရက် သူမ ခြေလှမ်းတို့က ရပ်တန့်သွားစဉ်

"မင်းနာမည်က... Yuri နော် .. လာ ဒီနားလာခဲ့ Yuri"

ဆာနေတာကို မြိုသိပ်ရင်း ....
သူ သွေးအေးစွာ သူမကို ခေါ်မိလိုက်တော့သည်။

------------------------------------
>> ဆက်ရန်

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Hikayelerin yaşadığı yer. Şimdi keşfedin