"Aoi - sama ...*
သူမ အသံက ကြောက်စိတ်ကြောင့် တုန်ရီနေသလို အတွေးတွေက တစ်နေ့က အဖြစ်အပျက်ကို ပြန်ရောက်သွားသည်။
* ⏪ REWIND ⏪ *
အဲဒီနေ့က House keeper တစ်ဦးဖြစ်တဲ့ သူမ၊ မိမိကျရာ တာဝန်အတိုင်း Hotel အခန်းတွေ သန့်ရှင်းရေး လုပ်နေခဲ့တာ။ တနေ့လုံး ပုံမှန်အတိုင်း ဘာမှမဖြစ်ခဲ့။
ဒါပေမယ့် ညနေခင်း ရောက်လာချိန်မှာတော့ သူမ ဘဝအတွက် သွေးပျက်စရာ အိမ်မက်ဆိုးက မမျှော်လင့်ပဲ ရောက်လာခဲ့သည်။
{ Two days ago, Time: 5pm
Place: Green Land Hotel, Beijing, China }
Yuri တယောက် အလုပ်ဆင်းခါနီး အဝတ်အစားလဲဖို့ ဝန်ထမ်း နားနေခန်းထဲ သွားချိန်၊ ထောင့်အကွေ့တစ်နေရာမှာ ရုတ်တရက် လူတယောက်နဲ့ တိုက်မိပြီး ...
" ခွမ်း "
ဖန်ခွက်ကွဲကျသံနဲ့အတူ သူမ လန့်ဖျတ်သွားကာ ပူထူသွားမိသည်။
"ဟာ ! သွားပြီ သွားပါပြီ မင်း !"
"တောင်း - တောင်းပန်ပါတယ် .."
တဖက် သူစိမ်းအမျိုးသားရဲ့ဒေါသစွက်နေတဲ့အသံနဲ့အတူ Yuri အသံက ကြောက်စိတ်ကြောင့် တိုးတိုးရယ်။
"တောင်းပန်လိုက်လို့ ကိစ္စမပြီးဘူး နားလည်လား! ဒီပစ္စည်းကို ဘယ်လောက်တန်ကြေးရှိတယ်ထင်လဲ !!"
သူမ ကွဲကျသွားတဲ့ပစ္စည်းကို ငုံ့ကြည့်မိသည်။ ဖန်ခွက်တခုလို ထင်ရပေမယ့် အရုပ်တခု၊ မိန်းကလေး ပုံစံ အရုပ်ကလေး၊ ခေါင်းပဲကျန်ခဲ့ပြီး ကိုယ်လုံးက တစစီ ဖန်ကွဲစတွေအဖြစ် ပြန့်ကျဲနေ။
"တကယ် တောင်းပန်ပါတယ် .... ကျွန်မ ... ကျွန်မ လျော်ပေးပါ့မယ်"
"ဘာ ! မင်းလား လျော်နိုင်မှာ !!"
ဒေါသတထောင်းထောင်းနဲ့ သူမကို ထိုလူ အော်ဟစ် ကြိမ်းမောင်းနေတာ အကြီးအကျယ်။ တိတ်ဆိတ်စွာ ခေါင်းငုံ့နေရုံမှတပါး သူမ ဘာလုပ်လို့ ဘာပြောရမယ် မသိတော့။
"လာစမ်း !! မင်း သူဌေးနဲ့ ပြောမယ်"
ဒေါသတကြီး သူမ လက်မောင်းကို ဆွဲခေါ်ပြီး ခေါ်ဆောင်တဲ့ ထိုလူနောက် သူမ တရွတ်တိုက်ပါသွားတော့သည်။
ESTÁS LEYENDO
သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )
Romanceအသက် 19 နှစ်အရွယ် Yuri လို့ ခေါ်တဲ့ မိန်းကလေးငယ်ဟာ Hotel တစ်ခုမှာ House Keeper အဖြစ် အလုပ်လုပ်နေရင်း တစ်ရက်မှာတော့ သူမရဲ့ အပျိုစင်ဘဝကို ပေးပြီး လျော်ရတဲ့ ပြဿနာတခု ကြုံလာခဲ့တယ်။ Yuri ကို မှောင်ခိုဈေးကွက် လေလံပွဲမှာ ဝယ်လိုက်တဲ့သူက စီးပွားရေးလောကမှာ က...
