အခန်း (၁၃) ဘယ်သူ့ကြောင့်လဲ

7K 47 0
                                    

{
Yuri's Birthday, 22 NOV
Time: 12 PM
Place: Aoi's Mansion
}

"သွားရအောင် Aoi-sama!"

သူမ ကစားကွင်းသွားချင်တယ်ဆိုလို့ အလုပ်တွေ အပြီးသတ် လုပ်ရင်း စောင့်နေတဲ့ Aoi

လှေကားပေါ်က ပြေးဆင်းလာကာ သူ့ရှေ့ရောက်လာတဲ့ သူမကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ရင်း

"မင်း ... ဘယ်လိုတွေ ဝတ်လာတာလဲ"

သူ မျက်မှောင်ကျုံ့လျက် ပြောတော့ သူမတယောက် ကြောင်တောင်တောင်လေး ဖြစ်သွား။

"ဟင် ဘာဖြစ်လို့လဲ Aoi-sama"

"ဘာဖြစ်နေလဲ မင်းကိုယ်မင်း ပြန်ကြည့်"

သူမ စဉ်းစားမရ။ သူမ ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိတော့လည်း သူမ ဝတ်ထားတာ လက်တလုံးကြိုး ဂါဝန်တို အဖြူ‌လေး ရိုးရိုးလေးပါ။

"မင်းက တခြားယောက်ျားတွေကိုပါ ပြချင်နေတာလား Yuri .. ဟား .. အစားခံချင်နေတာလား"

သူ ပြောရင်း ပေါက်ကွဲချင်လာ။

သူမ ပေါင်တံ .. လက်မောင်း ... လည်ပင်း .... ရင်နှစ်မြွှာ ... Sexy ဖြစ်လွန်းတဲ့ သူမ အစိတ်အပိုင်း တခုချင်းစီကို သူ စူးစိုက်ကြည့်နေမိရင်း

သူမ အလှတွေ အားလုံး ... ဖွင့်ပြ ဆွဲဆောင်နေတဲ့ ထိုအင်္ကျီကိုသာ တစစီ ဆုတ်ဖြဲပစ်ချင်တော့သည်။

"အော် .. ဒီဂါဝန် မဝတ်ရဘူးလား"
မျက်နှာရိပ် မျက်နှာကဲ နားလည်တဲ့သူမ၊ ရုတ်တရက် ဆိုသလို သူ့ စကားကြောင့် သဘောပေါက်သွား။

"Aoi-sama ပဲ ဝယ်ထားပေးတာလေ၊ Yuri ဗီရိုထဲ ဒါတွေပဲ ဝတ်စရာ ရှိတာ"

"ဘာ ..."

သူမ ပြောမှ သူ စဉ်းစားမိသွား။ ဟုတ်သား။
အခု သူ့ရှေ့မှာ မြင်နေရသလိုမျိုး ...

မလုံ့တလုံဖြစ်နေတဲ့ သူမ အစိတ်အပိုင်းလေးတွေကို ကြည့်ရင်း အရသာခံချင်လို့ သူပဲ တမင်တကာ အဲ့လို sexy dress တွေချည်း Kuro ကို ဝယ်ထည့်ခိုင်းထားတာ။

ဒါပေမယ့် သူမ ဒီဝတ်စုံတွေ ဝတ်တာ သူ့အတွက်ပဲဖြစ်ရမယ်လေ။ သစ္စာရှိတဲ့ သူ့လူယုံ Kuro မြင်တာ ကိစ္စမရှိပေမယ့် တခြားကောင်တွေ ကြည့်မှာတော့ သူ သည်းမခံနိုင်။

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Место, где живут истории. Откройте их для себя