အခန်း (၁၆) Hack & Snatch

13K 78 0
                                        

{
⏩ One Week Later
Time: 2 PM
Place: Aoi's Mansion
}

သစ်ပင်ပန်းမန်များ၊ မြက်ခင်းများနဲ့ စိမ်းစိုနေကာ
တိတ်ဆိတ်သည့်ခြံ တံခါးပေါက်ရှေ့

အနက်ရောင် Suzuki XL6 ကားလေး ထိုးရပ်လာ။

ကားပေါ်မှာတော့ Masahiro Aoi ၏ ဖခင် Masahiro Kou ဌားရမ်းထားသည့် စုံထောက်၊ Hacker နှင့် Kou ၏ bodyguard, Yone ။

"ဒီဘက် area လာကတည်းက CCTV တွေကို ကျွန်တော် hack ထားပြီးပြီ၊ အခု ဒီခြံဝန်းတံခါးပေါက်ကြီးကနေ စ,ဖွင့်မယ်"

Hacker လူငယ်လေးရဲ့ စကားကြောင့် driver seat မှာ ထိုင်နေသည့် ဆံပင်ရှည်ရှည်နဲ့ Yone ၊ အရှေ့မလှမ်းမကမ်းမှာ မြင်နေရသည့် Mansion ကို သေချာ ကြည့်လိုက်ပြီး

"Ok ငါတို့ အချိန် ဘယ်လောက်ရမလဲ"

"ဒီခြံဝန်း ဂိတ်တံခါး ပွင့်ပြီးပြီးချင်း 45 မိနစ်"

"ကောင်းပြီ အခု ဖွင့်လိုက်တော့"

Laptop ဆီမှ Enter တချက်ခေါက်သံနဲ့ အတူ ဂိတ်တံခါး အပွင့်၊ မြန်မြန်ဆန်ဆန် Yone မောင်းဝင်ကာ ဆင်ခုံအောက်ထဲ ကားထိုးရပ်လိုက်သည်။

"အိမ်တံခါးမက pin lock နဲ့ သွားတာ .. ခဏ..."

ကောင်လေး Lock ဖြည်နေချိန် ခါးကြားထဲက သေနတ်ကို ထုတ်ကာ ကျည်ထည့်နေသူက Yone ။

အသက် ၄၀ အရွယ်ဆိုပေမယ့် Yone က Masahiro Kou အားထားရဆုံးလူ၊ မရရအောင် လုပ်မယ့် ဆုံးဖြတ်ချက်က မျက်မှန်အောက် သူ့မျက်လုံးများက တဆင့် ပေါ်လွင်နေတာ။

"OK~! ရပြီ !"

"တီ"

Hacker လူငယ်လေးဆီက ဝမ်းမြောက်ဝမ်းသာသံလည်း ထွက်လာရော၊ တံခါး unlock ဖြစ်တဲ့ Noti သံပါ ထွက်လာ။

"မင်း ဒီတံခါးမှာ စောင့်နေခဲ့"

Yone ရဲ့ ခြေလှမ်းတို့က ဧည့်ခန်းထဲ ကျူးကျော် ဝင်ရောက်လိုက်ပြီးနောက် ရပ်သွားကာ သားကောင်ရှိတဲ့နေရာကို နားစွန့်နေမိ။

"ဒီဘက်မှာပဲ ..."

ထမင်းစားခန်းဘက် တိတ်တဆိတ် သွားလိုက်တော့ သူ ထင်သည့်အတိုင်းပင်။ သူ့သားကောင် ရှိနေ။

"မင်း ငါနဲ့ လိုက်ခဲ့ရမယ် ‌ကောင်မလေး"

ရုတ်တရက် ပေါ်လာတဲ့အသံကြောင့် မှန်တွေ သုတ်နေတဲ့ Yuri တယောက် လန့်ဖျတ်သွား။

သူ ပိုင်တဲ့ အရုပ်ကလေး | Yes, I'm His Sex Maid ( 18+ Myanmar Fiction )Dove le storie prendono vita. Scoprilo ora